သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-07
၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ကျင်းပပြီးလို့ ရက်ပိုင်းအတွင်းမှာပဲ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နဲ့ ကရင်ပြည်နယ်တွေမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပါတယ်။
2016-10-07
စက်တင်ဘာလ ၂၈ ရက်နေ့က ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်ထဲမှာရှိတဲ့ အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲကို အထူးဒေသ(၂) က ဝတပ်ဖွဲ့တွေ ဝင်ခဲ့တာဟာ နားလည်မူ လွဲမှားတာလို့ ဝနဲ့ မိုင်းလားဘက်တဆင့် ပြောကြားတာတွေရှိပေမယ့် ဒီကိစ္စဟာ ကျင်းပပြီးစီးသွားတဲ့ ၂၁ ရာစု ပင်လုံညီလာခံနဲ့ တိုက်ရိုက်ပတ်သက်တယ်ဆိုတဲ့ ပြောဆိုချက်တွေရှိသလို ရှမ်းပြည်မှာ အစိုးရတပ်မတော်ရဲ့ အင်အားတိုးချဲ့မူတွေကြောင့်ဖြစ်တယ်လို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။
2016-10-07
နိုင်ငံသားများရဲ့ပုဂို္ဂလ်ဆိုင်ရာ လွတ်လပ်မှု နဲ့ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်း ကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ပြင်ဆင်ဖြည့်စွက်ချက် အချို့နဲ့ အတည်ပြုလိုက်ပါတယ်။
2016-10-07
မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုဥပဒေ ကို ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2016-10-07
ရခိုင်ပြည်နယ်ထွက် သဘာဝသယံ ဇာတတွေကို ရခိုင်ပြည်သူတွေကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်နဲ့ အကျိုးခံစားခွင့် အပြည့် အဝရရှိရေးအတွက် ဒီလ ၃၀ ရက်နေ့မှာ စစ်တွေ ကနေ ကျောက်ဖြူမြို့ အထိ လူထုလမ်းလျှောက်ဆန္ဒပြပွဲ တစ်ခု ပြုလုပ်သွားဖို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကွန်ရက်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2016-10-07
ကန်ထရိုက်စနစ်နဲ့ အထက်တန်းပြ ဆရာတွေ ခန့်မယ်လို့ ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ပြောကြားခဲ့တဲ့အတွက် ပညာရေးတက္ကသိုလ်ကျောင်းသားတွေက Facebook စာမျက်နှာတွေမှာ ဖဲပြားစိမ်းလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ကန့်ကွက်နေပါတယ်။
2016-10-07
ရန်ကုန်မြို့တွင်း လူမှုရေး ဗီဇာတွေနဲ့ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသားတွေကို စိစစ်အရေးယူဖို့ ဆောင်ရွက်သွားမယ်လို့ ပန်းပဲတန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး က ပြောပါတယ်။
2016-10-07
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည် နယ် အပါအဝင် တနိုင်ငံလုံးမှာ တိုက်ပွဲတွေ ရပ်တန့်ပေးဖို့အတွက် ၂၁ရာစု ပင်လုံညီလာ ခံ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ် ဖြစ်မြောက်ရေးကော် မတီ(ယာယီ) က မနေ့က ကြေညာချက်ထုတ်ပြန် တောင်း ဆိုလိုက်ပါတယ်။
2016-10-07
ကေအိုင်အေတပ်ဖွဲ့ တပ်ရင်း ၂၅၂ အခြေစိုက်တဲ့ ဂီဒွန်ဆိုတဲ့ တောင်ကုန်းကို တပ်မတော်က ဒီကနေ့ မနက်က လေယဉ် ၄ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ် လို့ ကေအိုင်အေတပ်မှူး တစ်ဦးက အတည်ပြု ပြော ပါတယ်။
2016-10-07
တရားရင်ဆိုင်နေရတာ ၂ နှစ်ကျော်နေပြီဖြစ်တဲ့ ရန်ကုန်မြို့ တာမွေမြို့နယ်က မဟာသန္တိ သုခကျောင်းတိုက် အမှုကိစ္စနဲ့ ပတ်သက်ပြီး လာမယ့် အောက်တိုဘာလ ၈ ရက်နေ့ နေပြည်တော်မှာ သာသနာရေးဝန်ကြီး ဌာနက သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွား မှာဖြစ်ပါတယ်။
2016-10-07
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၆ ဦးအတွက် အမှတ်တရကျောက်တိုင်တွေ စိုက်ထူပေးသွားဖို့ စီစဉ်နေပါတယ်။
2016-10-07
မြန်မာနိုင်ငံ တရားရုံးက နယ်သာလန်နိုင်ငံသား တစ်ဦးကို ဓမ္မာရုံထဲဝင်ပြီး အသံချဲ့စက်ပိတ်မှု နဲ့ ထောင် ၃ လချမှတ်တဲ့နေ့မှာပဲ မလေးရှား တရားရုံးကတော့ သူတို့နိုင်ငံအလံပုံပါတဲ့ ရေ ကူးဘောင်းဘီတိုတွေနဲ့ လူမြင်ကွင်းမှာ အရက်သောက်ခဲ့ကြတဲ့ သြစတြေးလျ နိုင်ငံသား ၉ ဦးကို ၄ ရက်ကြာ ဖမ်းဆီးပြီးနောက် တရားသေ လွှတ်ပေးလိုက်ပါတယ်။ ဒီအဖြစ်အပျက် ၂ ခုကို နိုင်ငံတကာယဉ်ကျေးမှု ရှုထောင့်ကနေ ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2016-10-07
NLD အစိုးရကို အကြပ်ရိုက်စေတဲ့ မေးခွန်းတွေ လွှတ်တော်အတွင်း သတိထားရှောင်ကြဉ်ဖို့နဲ့ အစိုးရ ဖြေနိုင်တဲ့မေးခွန်းတွေသာမေးဖို့ဆိုပြီး အစိုးရနဲ့ လွှတ်တော်ကြား ညှိနှိုင်းဆောင်ရွက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာကြောင့် ဒါဟာ အစိုးရနဲ့ လွှတ်တော်တို့ကြား အပြန်အလှန်ထိန်းညှိရေးဆိုတဲ့ သဘောတရားနဲ့ လွဲချော်နေတဲ့အကြောင်း ထောက်ပြဝေဖန်ချက်တွေ ရှိနေပါတယ်။
2016-10-06
မန္တလေး မဟာအောင်မြေမြို့နယ်က သုစရိတ ဓမ္မာရုံမှာ ဓမ္မစကြာ ရွတ်ဖတ်နေတုန်း ဓမ္မာရုံထဲ ဝင်ပြီး အသံချဲ့စက်ကြိုးတွေကို ဖြုတ်ခဲ့တဲ့ နယ်သာလန်နိုင်ငံသား Mr. Klaas ကို မဟာအောင်မြေမြို့နယ်တရားရုံးက ဒီကနေ့ "ထောင်ဒဏ် ၃လနဲ့ ဒဏ်ငွေတစ်သိန်း" ကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
2016-10-06
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ပေးဖို့အတွက် မြစ်ကြီးနားမြို့မှာ ကချင်တိုင်းရင်းသား တသောင်းကျော် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။