သရက်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကျော်စိုးနဲ့ မေးမြန်းချက်
2016.10.07
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၆ ဦးအတွက် အမှတ်တရကျောက်တိုင်တွေ စိုက်ထူပေးသွားဖို့ စီစဉ်နေပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း တရားဝင်ခွင့်ပြုပေးထားသလို သရက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ မြို့မိမြို့ဖတွေပါဝင်တဲ့ ကော်မတီ ဖွဲ့စည်းထားပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ သရက်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကျော်စိုး က ပြောပါတယ်။
ကိုကျော်စိုး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။