ပုဂို္ဂလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေကြမ်း အတည်ပြု
2016.10.07
နိုင်ငံသားများရဲ့ပုဂို္ဂလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းကို ဒီကနေ့ အမျိုးသား လွှတ်တော်မှာ ပြင်ဆင်ဖြည့်စွက်ချက်အချို့နဲ့ အတည်ပြုလိုက်ပါတယ်။
အဲဒီဥပဒေကြမ်းကို ဒီနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ တပ်မတော်သားကိုယ်စားလှယ် နှစ်ဦး အပါအဝင် ကိုယ်စားလှယ် ၁၂ ဦးရဲ့ ဆွေးနွေးချက်တွေကို ပြန်လည်ကြားနာကာ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ် ကြားပြီး မဲခွဲဆုံးဖြတ်အတည်ပြုခဲ့တာပါ။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက မည်သူမျှ သက်ဆိုင်ရာဝန်ကြီးရဲ့ ဌာနရဲ့ ကြိုတင်ခွင့်ပြု မိန့်ဖြင့် နိုင်ငံတော်အကျိုးငှာ ရာထူးတာဝန်တခုခု ခန့်အပ်ရန် ကိစ္စရပ်မှတပါး ပြစ်မှုတစ်စုံတရာကျူးလွန်ကြောင်း ခိုင်လုံတဲ့အထောက်အထားမရှိဘဲ နိုင်ငံသားတဦးဦးကို လူ့ဂုဏ်သိက္ခာထိခိုက်စေနိုင်တဲ့ နောက်ယောင်ခံစောင့် ကြည့်တာ စုံထောက်တာ၊ စုံစမ်းတာ၊ ဝင်ရောက်ရှာဖွေသိမ်းဆည်းတာ ဒါမှမဟုတ် ဖမ်းဆီးခြင်းမပြုရလို့ သဘောထားမှတ်ချက်ပေးပါတယ်။
ဒါပေမဲ့ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်စံဦးက ရာထူးတာဝန်တခုခုကိစ္စအတွက်သာ ခွင့်ပြုထားတဲ့အတွက် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးနဲ့ ဆိုင်တဲ့ကိစ္စရပ်တွေ ပါဝင်ခြင်းမရှိတာကို တွေ့ရကြောင်း၊ လူပုဂို္ဂလ်လွတ်လပ်မှုကို ဦးစားပေးနေကြောင်း အဆိုပြုထားပါတယ်။
အဲဒီအချက်ကို မဲခွဲဆုံးဖြတ်တာမှာ ကိုယ်စားလှယ်အများစုက အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ အဆိုပြုချက်ကိုသာ ထောက်ခံမဲပေးတဲ့အတွက် တပ်မတော်သားရဲ့ အဆိုရှုံးနိမ့်ခဲ့ပါတယ်။
ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်က အတည်ပြုလိုက်တဲ့အတွက် ပြည်သူ့လွှတ်တော်ကို ပြန်လည်ပေးပို့မှာ ဖြစ်ပါ တယ်။