ကေအိုင်အို စခန်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်


2016.10.07
kia-620.jpg ကချင်ပြည်နယ်မှာ ကေအိုင်အေ တပ်သားတချို့ကို တွေ့ရစဉ်
Photo: RFA

ကေအိုင်အေတပ်ဖွဲ့ တပ်ရင်း ၂၅၂ အခြေစိုက်တဲ့ ဂီဒွန်ဆိုတဲ့ တောင်ကုန်းကို တပ်မတော်က ဒီကနေ့ မနက် က လေယဉ် ၄ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေတပ်မှူးတစ်ဦးက အတည်ပြု ပြောပါတယ်။

ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာမြို့နဲ့ သိပ်မဝေးတဲ့ တပ်ရင်း ၂၅၂ ရှေ့တန်းတပ်စခန်းကို ဒီနေ့မနက် ၈ နာ ရီကျော်လောက်က ဂျက်ဖိုက်တာ လေယာဉ် ၄ စင်းနဲ့ လာရောက်ပစ်ခတ်သလို မြေပြင်တိုက်ပွဲတွေလည်း ဖြစ်တဲ့ အကြောင်း ကေအိုင်အို ပြန်ကြားတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

"၈ နာရီကျော်ကနေ ပစ်တယ် ၄ စင်း၊ အဲဒီနေရာပဲ အင်ခရမ်ဘွမ် ဂီဒွန်ဘွမ်၊ အောက်ခြေက သတင်းတွေ ကတော့ ခုထိတော့ ဘာမှ မကြားရသေးဘူး မြေပြင်လည်း ထိုးတယ်လို့တော့ ပြောတယ်၊ ဒါပေမဲ့ အတိအကျတော့ မသိရသေးဘူး။ အားလုံး ဂျက်ဖိုက်တာလို့ပြောတယ်"

နေ့လည် ၂ နာရီလောက်က လေယာဉ်တွေ နောက်တခေါက် ပြန်လာပေမယ့် ဗုံးကြဲတာတော့ မရှိဘူးလို့ သိရပါတယ်။

အင်ခရမ်တောင်ကုန်းနဲ့ ဆက်လျက်ရှိတဲ့ ဂီဒွန် ကေအိုင်အိုစခန်းကို အစိုးရတပ်က တိုက်ခိုက်နေတာ တလနီးပါ ရှိပြီဖြစ်ပါတယ်။

အရင်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်တွေနဲ့ တိုက်ခိုက်နေခဲ့တာဖြစ်ပြီး အခုအခါ တပ်မ ၃၃ တပ်တွေ အစားထိုး ရောက်နေတယ်လို့ ပြောပါတယ်။

မနေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒေသခံ တစ်သောင်းကျော်လောက်က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မှာ တပ်မတော်ရဲ့ ထိုးစစ်တွေ ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။