ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြည်ထောင်စု လွှတ်တော် အတည်ပြု


2016.10.07
mahnwinkhaingthan-620.JPG ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်း ကို တွေ့ရစဉ်
.

မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုဥပဒေကို ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ စတင်ဆွေးနွေးပြီး အတည်ပြုထားတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို အမျိုးသား လွှတ်တော်ကလည်း သဘောတူတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်းနဲ့ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ဖို့ ပေးပို့ထားကြောင်း လွှတ်တော်နာယက မန်းဝင်းခိုင်သန်း က ကြေညာခဲ့တာပါ။

ဒီကနေ့ အတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းဟာ အရင်အစိုးရလက်ထက်က ပြဌာန်းထား တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေတို့ကို ပေါင်းစပ်ထားတာ ဖြစ် ပါတယ်။

အဲဒီဥပဒေကြမ်းမှာ နိုင်ငံခြားသားနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံသူတွေကို တန်းတူအခွင့်အရေး ပေးထားပေ မယ့် ငွေကြေး၊ နည်းပညာနဲ့ မြေယာငှားရမ်းမှုတွေမှာ မြန်မာနိုင်ငံသားကို ဦးစားပေးဖို့ ပြည်သူ့လွှတ်တော် မှာ ပြင်ဆင်အတည်ပြုထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဖွံ့ဖြိုးမှုအနည်းဆုံး၊ ဖွံ့ဖြိုးမှု အလယ်အလတ်နဲ့ ဖွံ့ဖြိုးမှုအများဆုံး ဇုန်ဆိုပြီး ဇုန် ၃ ဇုန် ခွဲခြားသတ်မှတ်ထားပြီး ဖွံ့ဖြိုးမှုအနည်းဆုံးဇုန်တွေမှာ ရင်းနှီးမြှုပ်နှံရင် သက်သာခွင့်တွေရရှိမှာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံရမယ့်ကာလကို နှစ် ၃၀ ကနေ နှစ် ၅၀ အထိ ပြင်ဆင်သတ်မှတ်ထားပေမယ့် နိုင်ငံသားနဲ့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုအချိုးကို အတိအကျမပြဌာန်းထားဘဲ နည်းဥပဒေထဲမှာသာ ထည့်သွင်းမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။