သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-02-06
၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းကို လာရောက်တိုင်ကြား အကူအညီတောင်းခံလာ တဲ့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဥပဒေကြောင်းအရ အကူအညီပေးနိုင်ဖို့ “မဏ္ဍိုင်ဥပဒေအကယ်ဒမီ” က အခမဲ့ အကူအညီပေးသွားမယ်လို့ သိရပါတယ်။
2013-02-06
ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ ပါဝင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ကမ်းလှမ်းထားတာလဲ ရှိသလို အစိုးရဖက်က လက်ခံမယ်ဆိုရင် သူ့အနေ နဲ့ပါဝင်ဖို့ အဆင်သင့်ပဲလို့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ဒီကနေ့ ပြည်သူ့ လွှတ်တော် ခေတ္တနားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားလိုက်ပါတယ်။
2013-02-05
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ဟာ ဖေဖေါ်ဝါရီလ ၅ ရက် ဒီကနေ့ မနက်ပိုင်း ၁၁ နာရီလောက်က မြစ်ကြီးနားမြို့ ကို ရောက်ရှိလာပြီး မြစ်ကြီးနား နဲ့ ဝိုင်းမော်မြို့နယ်က စစ်ပြေးဒုက္ခသည်စခန်း ၄ ခုကို လေ့လာခဲ့ကြပါတယ်။
2013-02-05
ဧရာဝတီမြစ်ကြီးကို ပြန်လည် ထိန်းသိမ်းဖို့အတွက် ဖေဖော်ဝါရီလ ၅ ရက် ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ဧရာဝတီမြစ်ကော်မရှင်ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက် ကြပါတယ်။
2013-02-05
ဖေဖော်ဝါရီ ၅ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ၅၃ ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို လက်ရှိစစ်ရေး အခြေအနေတွေကြောင့် အကျဉ်းချုံးသာ ကျင်းပနိုင် ခဲ့တယ်လို့ သိရပါတယ်။
2013-02-05
မြန်မာနိုင်ငံဒေသအားလုံးမှာ လျှပ်စစ် ဓာတ်အားမရရှိတဲ့ ပြည်သူသန်းပေါင်း များစွာ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင် ဖို့ လျှပ်စစ်ဓာတ်အားပေးစနစ်တွေကို ကမ္ဘာ့ဘဏ်အနေနဲ့ ကူညီဆောင်ရွက်ပေးသွားမယ် လို့ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ ဒီကနေ့မှာ သတင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
2013-02-05
အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ မနေ့ကပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ ပဋိပက္ခတွေကို ရှေ့ဆက်ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကို အဖြေရှာဖို့ ခြေလှမ်းတစ်လှမ်းသာဖြစ်တယ် လို့ KIO အဖွဲ့က ဖေဖေါ်ဝါရီလ ၅ ရက်နေ့ ဒီကနေ့ ပြောလိုက်ပါတယ်။
2013-02-04
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဘဝအတွေ့အကြုံနဲ့ အတွေးအခေါ်တွေကို အမေး အဖြေကဏ္ဍအဖြစ် နားဆင်နိုင်အောင် “ဒီမိုကရေစီခရီး ကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ် ကို နှစ်ပတ်တစ်ကြိမ် တင်ဆက် ခဲ့ပါတယ်။ RFA အဖွဲ့ သား ဦးခင်မောင်စိုးက တင်ဆက်တာဖြစ်ပြီး စိတ်ဝင်စားသူများ နားဆင်နိုင်ဖို့ မှတ်တမ်းအဖြစ် ဖေါ်ပြထားပါတယ်။
2013-02-04
ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ပြုလုပ် တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့နဲ့ KIO အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုမှာ ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန်ဆုံး ရပ်နိုင်ရေး၊ နှစ်ဖက်အခြေအနေကို လေ့လာစောင့်ကြည့်အဖွဲ့တွေထားရှိရေး၊ ဆွေးနွေးပွဲများ ဆက်ပြီး ကျင်းပသွားနိုင်ရေး စတဲ့အချက် ၅ ချက်ပါ ပူးတွဲကြေညာချက်ကို ထုတ်ပြန်လိုက်ကြပါတယ်။
2013-02-04
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှိုင်မြစ်ကမ်းမှာ ရပ်နားထားတဲ့ စစ်တပ်ပိုင် မြဝတီ ထရေးဒင်း ကုမ္ပဏီရဲ့ ဆီတင်သင်္ဘောပေါ်မှာ ဒီကနေ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းက မီးလောင်ပေါက်ကွဲခဲ့ပြီး အနည်းဆုံးလူ ၄ ဦး သေဆုံးမှုရှိတယ်လို့ စုံစမ်းသိရပါတယ်။
2013-02-04
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် အတွင်းမှာရှိတဲ့ ကျောက်စိမ်း လုပ်ကွက်တွေမှာ ကျောက်စိမ်းနဲ့ရွှွေ တစ်နိုင်တစ်ပိုင် တူးဖော်လုပ်ကိုင်နေ ကြသူတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး သက်ဆိုင်ရာဒေသ အာဏာပိုင်တွေက အတင်းပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
2013-02-04
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ပေးဖို့အတွက် တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ လိုင်ဇာမြို့အထိ ချီတက်လမ်းလျှောက် ဆန္ဒဖော်ထုတ်နေတဲ့ ငြိမ်းချမ်းရေးလိုလားသူတွေ ဟာ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ဒီကနေ့မှာတော့ ရမည်းသင်းမြို့ကို ရောက်ရှိကြပြီး လမ်းခရီးမှာ ပူးပေါင်းလမ်းလျှောက်တဲ့လူဦးရေ ထပ်တိုးလာတယ် လို့ သိရပါတယ်။
2013-02-04
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့အခြေစိုက်(Paris Club)အပေါ် မြန်မာနိုင်ငံက တင်ရှိနေ တဲ့ကြွေးမြီ အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံကျော်ထဲကနေ ၆ ဘီလျံနီးပါးကို Paris Club က လျော်ပစ်လိုက်ကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဦးဝင်းရှိန် က မနေ့က နေပြည်တော် စက်မှုဝန်ကြီးဌာနမှာ ကျင်းပခဲ့တဲ့ သတင်းမီဒီယာများ နဲ့ သက်ဆိုင်ရာ ဝန်ကြီးများတွေ့ဆုံပွဲမှာ ပြောကြားခဲ့ ပါတယ်။
2013-02-03
ဒေါက်တာဆိတ်ဖွား စုံစမ်းဖော်ထုတ်ရေးကော်မရှင် ဖွဲ့စည်းနိုင်ရေးအလားအလာ၊ ဖော်ထုတ်နိုင်ချေရှိ၊ မရှိ RFA အဖွဲ့သား ကိုကျော်ကျော်အောင် က သုံးသပ်တင်ပြထားပါတယ်။
2013-02-03
နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ တောင်သူလယ်သမား၊ အလုပ်သမားအရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတာကြောင့် ဒီကနေ့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ ကြိုတင်တွေ့ဆုံဆွေးနွေးတဲ့ပွဲကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရွှေလီလမ်းက မြန်မာငြိမ်းချမ်းရေး စင်တာမှာ ကျင်းပခဲ့ပါတယ်။