မြစ်ကြီးဧရာ ထိန်းသိမ်းရေးကော်မရှင် ဖွဲ့စည်းဖို့ လွှတ်တော်မှာ အတည်ပြု

ဧရာဝတီမြစ်ကြီးကို ပြန်လည် ထိန်းသိမ်းဖို့အတွက် ဖေဖော်ဝါရီလ ၅ ရက် ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ဧရာဝတီမြစ်ကော်မရှင်ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက် ကြပါတယ်။

2013.02.05
myitsone-ayeyarwady-305 မြစ်ဆုံရေကာတာ တည်ဆောက်မည့်နေရာ အောက်ဖက်တွင် ဧရာဝတီမြစ်ကို တွေ့ရပုံဖြစ်ပါသည်၊ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ဒေသခံပြည်သူ အမြောက်အမြား ဒုက္ခရောက် ရမည့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမည့်အရေး အတွက် မြန်မာအစိုးရကို ကန့်ကွက်ပြောဆိုနေကြပါသည်။
Photo: Colegota/Wikipedia

အမျိုးသားမြစ်ကြီး ထာဝရရှင်သန်ဖို့ ဧရာဝတီမြစ် ကော်မရှင်ဖွဲ့စည်းရေးဆိုတဲ့ အဆိုတစ်ခုကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့် က တင်းသွင်းခဲ့ရာမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အများစုက ထောက်ခံခဲ့တဲ့အတွက် ဧရာဝတီမြစ်ကော်မရှင် ဖွဲ့စည်းသွားဖို့ လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က ကြေညာခဲ့ပြီး အတည်ပြုဆုံးဖြတ်ခဲ့တာပါ။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၁ က ကိုယ်စားလှယ် ဦးအောင်ချစ်လွင် ကလည်း ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်မှာရှိတဲ့ ကျောက်တွင်းကုမ္ပဏီ ၊ ရွှေမျှောလုပ်ငန်းတွေကြောင့် မြစ်အတွင်းသဲသောင်ထွန်းမှုတွေ များလာနေတာကို  ဆွေးနွေးခဲ့ပါတယ်။

အဲဒီအဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက ဝင်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။