သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-09-01
အစိုးရတပ်နဲ့ KIA တပ်တွေအကြား စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဒုက္ခသည် အရေအတွက်ဟာ အခုဆိုရင် ၁ သိန်းကျော်လောက် ရှိနေပြီလို့ သိရပါတယ်။
2012-09-01
တတိယအကြိမ်မြောက် အပစ်အခတ် ရပ်စဲရေး အကောင်အထည်ဖော်ရေး ကိစ္စတွေ ဆွေးနွေးဖို့အတွက် KNU ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့အဖွဲ့ ကရင်ပြည်နယ် ဖားအံမြို့ကို ထိုင်း-မြန်မာနယ်စပ်ကနေ မနေ့မနက်က ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
2012-09-01
ရှမ်းပြည်အရှေ့ပိုင်း ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့က ကျေးရွာတရွာမှာ သြဂုတ်လ ၃၁ ရက်နေ့ မနေ့ မနက်ပိုင်း လင်းအားကြီးအချိန်က ကျပ်ငွေ သိန်းတစ်ထောင်ကျော်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေး ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
2012-09-01
လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့နိုင်ငံ ရင်းနှီးမြုပ်နှံမှု အကြောင်းနဲ့ နိုင်ငံခြား မီဒီယာတွေက စိတ်ပါဝင်စားသူတွေဟာ သြဂုတ်လ ၃၁ ရက် နေ့ မနေ့က ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
2012-09-01
ဒီကနေ့ ဝါခေါင်လပြည့်နေ့မှာ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောရဘုန်းတော်ကြီးကျောင်းမှာ မဲဆောက်ဒေသတွင်း ရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေ စုပေါင်းပြီး ကျင်းပခဲ့ပါတယ်။
2012-09-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့လှုပ်ရှားဆောင်ရွက်မှုတွေ ဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ အတွက် ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ မညီညွတ်တာတွေ ရှိနေလို့ လာရောက်ဆွေးနွေး ဖို့ ဖိတ်ခေါ်တာ ကြောင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းတို့ဟာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ အဖွဲ့ကို မနေ့မနက်ပိုင်းက နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
2012-09-01
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ ဦးထွန်းအောင်ကျော်တို့ အပါအဝင် ပြည်ပရောက် အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူ (၇) ဦးဟာ (၂၄) နှစ်တာအတွင်း ပထမဆုံးအကြိမ် အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာခဲ့ ပါတယ်။
2012-09-01
မြန်မာနိုင်ငံမှာ အရင်ကလုပ်ခဲ့ဖူးတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးတွေ မအောင်မြင်ခဲ့ရတာဟာ အစိုးရတွေက တိုင်းရင်းသားတွေရဲ့ တန်းတူခွင့်ကိုလည်း မပေးသလို နိုင်ငံရေးအရ ဖြေရှင်းတာမျိုး မရှိခဲ့တာကြောင့် အပစ်ရပ် ငြိမ်းချမ်းရေးတွေ မအောင်မြင်ရတာပဲ ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ အနေနဲ့ သုံးသပ်ကြောင်း ဝါခေါင်လပြည့်နေ့ ဒီကနေ့မှာ ကျရောက်တဲ့ ၆၅ နှစ်မြောက် မွန်အမျိုးသား တော်လှန်ရေးနေ့မှာ မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောဆိုလိုက်ပါတယ်။
2012-09-01
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ၂၄ နှစ်အတွင်း အကြီးဆုံး ရန်ပုံငွေပွဲဖြစ်တဲ့ စေတနာ ဝသန် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ MCC ခန်းမမှာ ဒီနေ့ ညနေ ၄ နာရီကနေ စတင်ကျင်းပနေပါတယ်။
2012-09-01
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က စံပယ်တောင်နဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတွေကြောင့် လယ်သိမ်းခံရတဲ့ တောင်သူတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဝေဠုကို မနေ့ ညက ဒေသခံအာဏာပိုင်တွေ ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။
2012-09-01
မြန်မာနိုင်ငံမှာ နှစ်စဉ် ကြုံတွေ့နေရတဲ့ ရေဘေးဒုက္ခ ရဲ့အကြောင်းရင်းတွေကို ရှာဖွေပြီး ရေတိုရေရှည် အစီအစဉ်တွေ ဆောင်ရွက်ဖို့ လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-09-01
ပြည်သူတွေကြားမှာ အမှန်တကယ် ဖြစ်နေပြီး စစ်အစိုးရ သတင်းစာတွေမှာ ဖော်ပြတာ မတွေ့ရတဲ့ အကြောင်းအရာတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က သတင်းစာနောက်ကွယ်က မြန်မာပြည် ဆိုတဲ့ ခေါင်းစဉ်နဲ့ အပတ်စဉ် တင်ဆက်ခဲ့ပါတယ်။ နားဆင်လိုသူများအတွက် မှတ်တမ်းအဖြစ် ဆက်လက် တင်ဆက်ထားပါတယ်။