ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ မဲဆောက်မှာ ကျင်းပ
2012.09.01

အဆိုပါ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားသို့ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးက သဝဏ်လွှာ ပေးပို့ခဲ့ပြီး အဲဒီသဝဏ်လွှာမှာ ကရင်တိုင်းရင်းသား အားလုံးအနေဖြင့် ငြိမ်းချမ်းအေးဆေးစွာ နေထိုင်လိုသော ဆန္ဒအပါအဝင် ကရင့်ရိုးရာ အစဉ်အလာတရပ်ကို သိရှိနားလည်အောင် ကြိုးစားဖော်ထုတ် ထိန်းသိမ်းဖို့ တိုက်တွန်းထားကြောင်း ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ ကျင်းရေးကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံ မန်းမျိုးမြင့်က အခုလို ဖတ်ပြပါတယ်။
"ရိုးရာဓလေ့ယဉ်ကျေးမှုနှင့် စာပေစကားများကို ဖော်ထုတ်ထိန်းသိမ်း ကာကွယ်သမှုပြုကြပြီး လူ့ အခွင့်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံမည့် တိုးတက်မှုနှင့် လွတ်လပ်မှုကို အခြားလူမျိုးများ ကဲ့သို့ တန်ဖိုးထားကာ ငြိမ်းချမ်းအေးငြိမ်းစွာ နေထိုင်လိုသော ဆန္ဒအပါအဝင် အခြားကောင်းသော အရာများ ဖော်ပြလိုက်သောနေ့လည်း ဖြစ်သည်။"
ချည်ဖြူဖွဲ့မင်္ဂလာပွဲမှာ ကရင်တိုင်းရင်းသားတွေ အပါအဝင်အခြားတိုင်းရင်းသားတွေနဲ့ နိုင်ငံခြားသားများလည်း လာရောက်တာ တွေ့ရပြီး လူပရိသတ် လေးထောင်ကျော် တက်ရောက်တာကို တွေ့ရပါတယ်။ ကရင့်ရိုးရာ အဆိုအကနဲ့ ခေတ်ပေါ် ဂီတပွဲတွေ လည်းပါဝင် ဖျော်ဖြေခဲ့ပါတယ်။