မူးယစ်ဆေးဝါးနှင့် ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ ဖမ်းဆီးရမိ
2012.09.01
တာချီလိတ်မြို့နယ် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ် မူးယစ်နှိမ်နင်းရေး အထူးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဟောင်လိတ်ကျေးရွာ အုပ်စု ဝိန်းကျောက်ရွာက အိမ်အမှတ် ၂၆၆ က ဦးလောတ ဆိုသူရဲ့
နေအိမ်ကို ဝင်ရောက်စစ်ဆေးရာက ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ အာဏာပိုင်နဲ့ နီးစပ်သူတစ်ဦးက အာအက်ဖ်အေ ကို ပြောပါတယ်။
"မနက် ၄ နာရီခွဲ ၅ နာရီလောက်က ကျနော်တို့ တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာ အုပ်စုပေါ့နော်။ ဒီ ဝိန်းကျောက်ရွာမှာ မိတာ သတင်းအရ ဝင်ဖမ်း စစ်ဆေးတာ။ လောတ အိမ် ဘာလူမျိုးလည်းတော့ ကျနော်တို့လည်း မသိဘူးဗျ။ ဝင်ရှာတော့ စိတ်ကြွ ရူးသွပ်ဆေးပြား ၇ ကီလိုလောက် မိတယ်။ အလုံးအရေအတွက်တော့ ကျနော်တို့လည်း မသိရဘူး။ နောက် ဒီလုပ်တဲ့ စက် တစ်လုံးမိတယ်၊ နောက် သူနဲ့ ဆက်စပ်တဲ့ ဆေးရည် ဆေးအမှုန့်တွေလည်း မိတယ်။"
ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေထဲမှာ မူးယစ်ဆေးပြားရိုက်စက်တစ်လုံး၊ ဆေးပြား အခြောက်ခံစက်တစ်လုံး၊ ဆေးမှုန့်မွေစက် တစ်လုံးနဲ့ စိတ်ကြွ မူးယစ်ဆေးပြား ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓါတုဆေးအမှုန့် ဆေးရည်
တွေ ပါဝင်တယ်လို့ သိရပါတယ်။