သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-09
တစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ပါတီရုံးခန်းတွေ ဖွင့်လှစ်ဖို့အတွက် ပါတီဗဟိုကနေ တစ်မြို့နယ်ကို ငွေကျပ် သိန်း ၁၅၀ ချထားပေးမယ်လို့ သိရပါတယ်။
2017-10-09
ထိုင်းနိုင်ငံမှာ အထောက်အထား သက်သေခံလက်မှတ် CI ထုတ်ပေးတဲ့ စခန်းတွေမှာ ငွေကြေးတောင်းခံတာတွေရှိတယ်ဆိုတဲ့ တိုင်ကြားမှုတွေကြောင့် မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးတာတွေရှိတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
2017-10-09
ထိုင်းနိုင်ငံက ရေလုပ်ငန်းမှာ လုပ်ကိုင်နေ တဲ့ မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြား သားရေလုပ်သားတွေကို လှေလုပ်သားကတ်ဖြစ်တဲ့ Seabook ထုတ်ပေးဖို့ ထိုင်းအစိုးရက ပြင်ဆင်နေပြီး လုပ်ခလစာပေးချေရာမှာ ဘဏ်စနစ်နဲ့သာပေး ဖို့ ရေလုပ်ငန်းရှင်တွေကို ညွန်ကြားထားပါတယ်။
2017-10-09
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရဲကင်းစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေတဲ့ လူဦးရေ ၇ သိန်းလောက်ရှိတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာအချို့က ဖော်ပြကြပါတယ်။
2017-10-09
ကမ္ဘာနဲ့ တန်းတူရည်တူဖြစ်ဖို့ နိုင်ငံတကာသုံး ဘာသာစကားအရေးကြီးပေမဲ့ မြန်မာ့ ပညာရေးစနစ် နိမ့်ကျသွားတာမို့ ဘာသာပြန် လုပ်ငန်းလည်း ကျဆင်းသွားတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-10-08
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီးထားဖို့ အတွက် တောင်ပြိုလက်ဝဲနဲ့ ငခူရတို့မှာ ယာယီစခန်းတွေဖွင့်လှစ်ဖို့ လျာထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။
2017-10-08
မွန်တစ်ပါတီတည်းဖြစ်ရေး ဆွေးနွေးကြမယ့် မွန်အမျိုးသားညီလာခံကို လာမယ့် ၂၀၁၈ ဇန်နဝါရီလမှာ ကျင်းပမှာဖြစ်ပြီး မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာပါတီတို့ကို တက်ရောက်ဖို့ဖိတ်ခေါ်သွားမယ်လို့ မွန်ညီညွတ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး နိုင်စိုးအောင်က ပြောပါတယ်။
2017-10-08
စာပေဟောပြောပွဲကနေ ပြန်လာတဲ့ စာရေးဆရာ ညီမင်းညို စီးလာတဲ့ကားကို ခဲနဲ့ပေါက်ခဲ့သူ ၂ ဦးထဲက ၁ ဦးကို မနေ့က ဖမ်းမိထားပြီး စစ်ကိုင်းမြို့မ ရဲစခန်းမှာ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားပါတယ်။
2017-10-08
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အုပ်ချုပ်ရေးမှူးကို အဂတိလိုက်စားလို့ဆိုပြီး ထိထိရောက်ရောက် အရေးယူပေးဖို့ ဒေသခံ ၁၅၀၀ လောက်က ဒီကနေ့ ကနီမြို့နယ်မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-10-08
ငြိမ်းချမ်းရေး အမြန်ဆုံးရရှိအောင် စစ်ဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ အမျိုးသမီးတွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က ဒီနေ့ တိုက်တွန်းခဲ့ပါတယ်။
2017-10-08
ထိုင်းနိုင်ငံ ရေလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသားရေလုပ် သားတွေကို လှေလုပ်သားကတ်ဖြစ်တဲ့ Seabook တွေထုတ်ပေးဖို့နဲ့ လစာကို ဘဏ်စနစ်နဲ့ပေးဖို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းက ညွန်ကြားထားပါတယ်။
2017-10-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ပြီး ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ပြုလုပ်မယ့် ဘာသာပေါင်းစုံဆုတောင်းပွဲကို လူဦးရေ ၃သောင်းလောက် တက်ရောက်မယ်လို့ဖြစ်တယ်လို့ ရန်ကုန်တိုင်း NLD ပါတီ ဒုဥက္ကဌ ဒေါက်တာစိုးဝင်းဦး က ပြောပါတယ်။
2017-10-07
အောက်တိုဘာလ ၇ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ" အခွန်နှုန်းထား အပြောင်းအလဲနဲ့ စီးပွားရေး" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါက်တာ စောနေနွယ် (Deputy Managing Director - (Pacific - AA Group)) နဲ့ ဦးအောင်သန်းဝင်း (ဥက္ကဌ - မြန်မာနိုင်ငံ မော်တော်ကား ရောင်းဝယ်ရေးအသင်း ဗဟို) တို့က ပင်တိုင် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
2017-10-07
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအမျိုးသမီးအဖွဲ့ဝင်တွေဟာ ကချင်ပြည်နယ် မိုးညှင်းနဲ့ မိုးကောင်းမြို့တွေက စစ်ဘေးဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေကို အကူအညီတွေပေးခဲ့ပါတယ်။
2017-10-07
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အထက်တန်းကျောင်း အာစရိယပူဇော်ပွဲ အထိမ်းအမှတ် စာပေဟောပြောပွဲကနေ ပြန်လာတဲ့ စာရေးဆရာ ညီမင်းညိုနဲ့ ကဗျာဆရာ ထွဏ်းသွေးအိမ်တို့ စီးလာတဲ့ကားကို ကျောက်ဆည်ရွာနားမှာ လူ ၂ ယောက်က ခဲနဲ့ပစ်ပေါက်ခဲ့တာကြောင့် ဆရာ ညီမင်းညို ဒဏ်ရာရခဲ့ပါတယ်။