NLD ဗဟိုအမျိုးသမီးအဖွဲ့ဝင်တွေ ဒုက္ခသည်စခန်းကို သွားရောက်လှူဒါန်း
2017.10.07
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအမျိုးသမီးအဖွဲ့ဝင်တွေဟာ ကချင်ပြည်နယ် မိုးညှင်းနဲ့ မိုးကောင်းမြို့တွေက စစ်ဘေးဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေကို အကူအညီတွေပေးခဲ့ပါတယ်။ အဲဒီစခန်းတွေက စစ်ဘေးဒုက္ခသည်တွေအတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ပေးဖို့လိုအပ်နေတယ်လို့ NLD ဗဟိုအမျိုးသမီး အဖွဲ့ဝင်ဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက ပြောပါတယ်။
ဒေါ်သန္တာကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။