နိုင်ငံခြားသား ရေလုပ်သားတွေကို ကတ်ထုတ်ပေးဖို့ ထိုင်းစီစဉ်
2017.10.09
ထိုင်းနိုင်ငံက ရေလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသားရေလုပ်သားတွေကို လှေလုပ်သားကတ်ဖြစ်တဲ့ Seabook ထုတ်ပေးဖို့ ထိုင်းအစိုးရက ပြင်ဆင်နေပြီး လုပ်ခလစာပေးချေရာမှာ ဘဏ်စနစ်နဲ့သာပေးဖို့ ရေလုပ်ငန်းရှင်တွေကို ညွန်ကြားထားပါတယ်။
ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN ဥက္ကဌ ဦးအောင်ကျော်ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။