ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ စီစဉ်နေ
2017.10.09
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရဲကင်းစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေတဲ့ လူဦးရေ ၇ သိန်းလောက်ရှိတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာအချို့က ဖော်ပြကြပါတယ်။ အဲဒီ ကိန်းဂဏန်းတွေဟာ ဖောင်းပွနေကြောင်းနဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရာမှာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့အညီ စိစစ်ပြီး မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံနေသူတွေလို့ အတည်ပြုနိုင်သူတွေကိုသာ လက်ခံမှာဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ စီစဉ်နေတာနဲ့ ပတ်သက်ပြီး ဦးမြင့်ကြိုင်ကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။