သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-12-26
ဒီတစ်ပတ်မှာတော့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာရှိတဲ့ RFA ပရိသတ်တွေက ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-12-26
အခုတစ်ပတ် "နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ စိုက်ပျိုးရေးပညာရှင် တစ်ဦးဖြစ်တဲ့ ဧရာ၀တီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရန်လင်းကို RFA ၀ိုင်းတော်သူ မသက်စုအောင် က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
2019-12-26
ဒီတစ်ပတ် ယနေ့နိုင်ငံရေး အစီအစဉ်မှာ "နိုင်ငံတော် အတိုင်ပင်ခံရဲ့ ICJ ထွက်ဆိုချက် ဂျီနိုဆိုက်ကို ကျော်လွှားနိုင်မလား (သို့) အမျိုးသား ရင်ကြားစေ့ရေးကို ပိုအားကောင်းစေမလား" ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးထားတဲ့ ဆွေးနွေးပွဲ ဒုတိယပိုင်းကို ရှုစားကြရမှာပါ။
2019-12-26
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု မရှိဘူးလို့ ဂျပန်အစိုးရက ယုံကြည်တာကြောင့် နိုင်ငံတကာတရားရုံး ICJ အနေနဲ့ Provisional Measure ကြားဖြတ်အရေးယူမှု မချမှတ်ဖို့ ဆုတောင်းနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရို မာရုယာမ Mr. Ichiro Maruyama က ပြောကြားလိုက်ပါတယ်။
2019-12-25
ခရစ်စမတ်နေ့မှာ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တွေ AA တပ်စွဲထားရာ တောင်ကုန်းကို ကျရောက်ပေါက်ကွဲတဲ့အတွက် ဖမ်းဆီးထားသူတချို့ ဒဏ်ရာရသေဆုံးခဲ့ပြီး၊ အဲဒီထဲမှာ NLD ဘူးသီးတောင် ဥက္ကဋ္ဌလည်း ပါဝင်ကြောင်း AA က ထုတ်ပြန်ပါတယ်။
2019-12-25
စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ကြရာမှာ ကျရာအခန်းကဏ္ဍကနေ ကရင်တိုင်းရင်းသားတွေ ပါဝင်ဆောင်ရွက်ဖို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ကရင်နှစ်သစ်ကူးသဝဏ်လွှာမှာ တိုက်တွန်းလိုက်ပါတယ်။
2019-12-25
တပ်မတော်-ရေ ရဲ့ အကြီးဆုံး စစ်သင်္ဘော မုတ္တမ အပါအဝင် ကမ်းရိုးတန်း သယ်ယူပို့ဆောင်ရေး ရေယာဉ်တွေနဲ့ မြစ်အတွင်း ကင်းလှည့်ရေယာဉ်တွေဟာ မနေ့တုန်းက ကျရောက်တဲ့ တပ်မတော်- ရေ (၇၂) ကြိမ်မြောက် အခမ်းအနားမှာ တပ်တော်ဝင်ခဲ့ပါတယ်။
2019-12-25
မြန်မာနိုင်ငံက ရခိုင်ပြည်နယ်က မြောက်ဦး၊ ကချင်ပြည်နယ်က ခါကာဘိုရာဇီ၊ ကချင်ပြည်နယ်က အင်းတော်ကြီးရေကန် အပါအဝင် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံသင့်တဲ့ ယဉ်ကျေးမှုနေရာတွေ၊ သဘာဝနေရာတွေ အများကြီး ရှိနေပါတယ်။
2019-12-25
မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို လုံးဝဖျက်သိမ်းပေးဖို့၊ တရားစွဲဆို ဖမ်းဆီးထောင်ချခံထားရတဲ့ တောင်သူလယ်သမားတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အပါအဝင် အချက် လေးချက်ကို ဆောင်ရွက်ပေးဖို့ တောင်သူလယ်သမား ညီလာခံကနေ တောင်းဆိုလိုက်ပါတယ်။
2019-12-24
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ခေးခမ်းကျေးရွာမှာ အမှတ် ၇ ဆက်သွယ်ရေးအလုပ်ရုံ တပ်မြေနဲ့မလွတ်လို့ဆိုပြီး နေအိမ်တစ်လုံးနဲ့ ခြံဝန်းအုတ်တံတိုင်း အချို့ကို ဆက်သွယ်ရေးတပ်တာဝန်ရှိသူက လာရောက်ဖြိုဖျက်ခဲ့ပါတယ်။
2019-12-24
ဗစ်တိုးရီးယား ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ ကိစ္စမှာ ကလေးငယ်ရဲ့ အမည်နဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူပေးဖို့ မန္တလေးမြို့ဒေသခံတွေ ဒီနေ့ဆန္ဒပြ တောင်းဆိုလိုက်ပါတယ်။
2019-12-24
ရခိုင်ပြည်နယ်မှာ အင်တာနက်ပြန်သုံးခွင့်ရအောင် ဆောင်ရွက်ပေးဖို့ ဆန္ဒပြပွဲနဲ့ လက်မှတ်ရေးထိုးတောင်းဆိုပွဲကို အရပ်ဘက်အဖွဲ့အစည်းအသီးသီးက တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး ဒီကနေ့ညနေက ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။
2019-12-24
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကိုအောင်ကို ထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းကို ထောင်ဒဏ် ၁ နှစ်နဲ့ ဝန်းရံသူ နှစ်ဦးကို ၁ နှစ်ခွဲစီ ဒီနေ့ ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်
2019-12-24
ရခိုင်ပြည်နယ် မြေပုံမြို့နယ် စညှင်းကျေးရွာနားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ မနေ့က တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲကြောင့် ကျေးရွာ ၅ ရွာက ဒေသခံ နှစ်ထောင်ကျော်ဟာ မနေ့ညက နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။
2019-12-23
မန္တလေး ရတနာပုံတက္ကသိုလ်ကျောင်းပတ်ဝန်းကျင်မှာ လုယက်ရန်ရှာခံရတာတွေ မဖြစ်အောင် ရဲတပ်ဖွဲ့ဝင် သုံးယောက်ကို ၂၄ နာရီ တာဝန်ချထားပေးမယ်လို့ တိုင်း လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးနဲ့ တိုင်းရဲမှူးကြီးက ကျောင်းသားသမဂ္ဂခေါင်းဆောင် တွေကို ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ကတိပေးလိုက်တယ်လို့ သိရပါတယ်။