သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-30
ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့အမှုအတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ အယူခံရုံးမှာ အယူခံဝင်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2015-12-30
ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံ သား နှစ်ဦးအတွက် အမှုမှန်ပေါ်ပေါက်ဖို့ မန္တလေး ၊ ကော့သောင်း၊ မြဝတီ၊ မော်လမြိုင် စတဲ့မြို့ကြီးတွေ မှာ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါ တယ်။
2015-12-30
မန္တလေးမြို့က မန္တလေးတောင်မှာ တောင်ဆင်း လမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲကို ဒီဇင်ဘာ ၂၇ ရက်၊ ဒီဇင်ဘာလ ၂၇ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-12-30
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က သဘာဝရေပူစမ်းကို လာရောက်လည်ပတ်သူတွေ များပြားလာသလို စည်းကမ်းမဲ့ အမှိုက်စွန့် ပစ်တာတွေလည်များလာတာကြောင့် ရေရှည်မှာ သဘာဝရေကန် ပျက်စီးမှာကို စိုးရိမ်မှုတွေရှိနေပါတယ်။
2015-12-30
နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ထံပေးပို့တဲ့ ရခိုင်ပြည်နယ်က ကျောက်ဖြူ အထူး စီးပွားရေးဇုန် နယ်နမိတ်သတ်မှတ်ရေးကို ပြည်ထောင်စုလွှတ်တော်မှာ နှစ်ရက်ကြာ ဆွေးနွေးပြီးနောက် ဒီဇင်ဘယာ ၂၉ရက်နေ့က မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါတယ်။
2015-12-30
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း ခေါ် ခိုထောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ် ချမှတ်ခံ လိုက်ရတဲ့ မြန်မာ ၂ ဦးရဲ့ အမှုကို တရားမျှတစွာ စစ်ဆေးပေးဖို့ မဘသဆရာတော်တွေနဲ့ လူအင်အား ၂၀၀ လောက်ဟာ ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ရန်ကုန် ဗဟန်းမြို့နယ်မှာရှိတဲ့ ဗိုလ်စိန်မှန်အားကစားကွင်းမှာ တောင်းဆိုခဲ့ကြပါတယ်။
2015-12-30
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေထံ ရောက်ရှိနေတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) ဥပဒေကြမ်းအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေအကြား အမြင်ကွဲလွဲမှုတွေရှိနေပါတယ်။
2015-12-29
ထိုင်းနိုင်ငံမှာ ဒီကနေ့ ထုတ်ဝေတဲ့ The Nation သတင်းစာမှာဖေါ်ပြချက် အရ မြန်မာ ၂ ဦး ကို သေဒဏ်ချမှတ်ခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီး ထိုင်းနိုင် ငံခြားရေးဝန်ကြီး Don Pramudwinai က တရား ခံတွေကို ကူညီဖို့အတွက် မြန်မာအစိုးရအနေနဲ့ ဥပဒေ အကြံပေးအရာရှိတွေ စေလွှတ်နိုင်ကြောင်း မြန်မာနိုင် ငံခြားရေးဝန်ကြီးကို ပြောဆိုခဲ့တယ်လို့ သိရှိရပါတယ်။
2015-12-29
နိုင်ငံရေးပါတီ ၈ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အစိုးရဖဲ့ွနိုင်တဲ့အထိ အနိုင်ရရှိ ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက် မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။
2015-12-29
အမေရိကန်ဒေါ်လာ ၇ ဘီလျံ ရင်းနှီးမြှုပ်နှံ ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တည်ဆောက်မယ့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိုနယ် နိမိတ် သတ်မှတ် ထုတ်ပြန်ဖို့ကို ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦး နှစ်ရက်ကြာ ဆွေးနွေး ပြီးနောက် ဒီနေ့ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါတယ်။
2015-12-29
မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို သေဒဏ်ချမှတ်ခံထားရတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံက တစ်စုံတစ်ရာ ဆောင်ရွက်ပေး သည်အထိ ဆန္ဒပြတောင်းဆို သွားမယ်လို့ ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ သံဃာတော်တွေ က မိန့်ကြားလိုက်ပါတယ်။
2015-12-29
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အရှေ့ဘက် ရမ်းချောင်းတောင် အနီး တစ်ဝိုက်မှာ အစိုးရတပ်မတော် နဲ့ ရက္ခိုင့် တပ်မတော်(AA) တို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ဒီနေ့အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
2015-12-29
ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်းဒေသမှာ တရားဥပဒေစိုးမိုးရေးမရှိတဲ့အတွက် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို လုံးဝပိတ်သိမ်းဖို့၊ ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်သွားဖို့ ပြည်ထောင်စုအစိုးရအဖွ့ဲက စီစဉ်ထားကြောင်း သတ္ထုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ လာရောက် ရှင်းလင်းတင်ပြခဲ့ပါတယ်။
2015-12-29
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေထံ ရောက်ရှိနေတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ဥပဒေကြမ်းအပေါ် လွှတ်တော် ကိုယ်စားလှယ်တွေအကြား အမြင်ကွဲလွဲမှုတွေ ရှိနေပါတယ်။
2015-12-29
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဓာတ်ပုံနဲ့ သရော်ထားတဲ့ စာသားတွေ ကို ဖေ့ဘွတ်စ်မှာ တင်ခဲ့တဲ့အတွက် မချောစန္ဒီ ထွန်း ခေါ် ချစ်သမီးကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တရားရုံး က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ ထောင်ဒဏ် ၆ လ ကျခံဖို့ ဒီကနေ့ အမိန့်ချလိုက်ပါတယ်။