မြန်မာနှစ်ဦးအမှု ဗိုလ်စိန်မှန်ကွင်း ဆန္ဒပြပွဲ
2015.12.30
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း ခေါ် ခိုထောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ် ချမှတ်ခံ လိုက်ရတဲ့ မြန်မာ ၂ ဦးရဲ့ အမှုကို တရားမျှတစွာ စစ်ဆေးပေးဖို့ မဘသဆရာတော်တွေနဲ့ လူအင်အား ၂၀၀ လောက်ဟာ ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ရန်ကုန် ဗဟန်းမြို့နယ်မှာရှိတဲ့ ဗိုလ်စိန်မှန်အားကစားကွင်းမှာ တောင်းဆိုခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြထားပါတယ်။