သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-29
စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ စစ်ကောင်စီကို သတင်းပေးနေသူဆိုပြီး စွပ်စွဲခံထားရသူ ပန်းရံဆရာ ဦးစိုးတင့်ဟာ ဒီကနေ့ သြဂုတ်လ ၂၉ ရက်နေ့မှာ သေနတ်နဲ့ပစ်သတ်ခံ ရလို့ သေဆုံးသွားပါတယ်။
2021-08-29
စစ်ကောင်စီနဲ့ လမ်းခွဲလာတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီရဲ့ အမိန့်နဲ့ညွှန်ကြားချက်တွေကို မနာခံကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က တိုက်တွန်းထားပါတယ်။
2021-08-28
စစ်ကောင်စီက တရားမဝင် ငွေစက္ကူတွေ ရိုက်နှိပ်ဖို့ နိုင်ငံခြားကုမ္ပဏီတွေကို ချဉ်းကပ်နေတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက အဲဒီ ပြည်ပကုမ္ပဏီတွေကို သြဂုတ်လ ၂၇ ရက်နေ့က သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
2021-08-28
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတာ ခြောက်လ ကျော်ရှိခဲ့ပါပြီ။ ဒါပေမဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာ့ပြဿနာနဲ့ ပတ်သက်ပြီး၊ ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီး (၂ ) Erywan Yusof ကို မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့တာကလွဲပြီး၊ တခြားဆောင်ရွက်မှုရယ်လို့ မရှိသလောက်ဖြစ်နေ ပါတယ်။
2021-08-28
ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ကစပြီး စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့က ကပေါင်းကျ ရွာထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းထားတယ်လို့ ဒေသခံရွာသားတွေက RFA ကိုပြောပါတယ်။
2021-08-28
ဒီတပတ်အစီအစဉ်မှာတော့ လာမယ့် စက်တင်ဘာလလယ်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် NUG အစိုးရနဲ့ စစ်ကောင်စီ အပြိုင်တင်ကြတဲ့အခါ ပြည်သူတွေဘက်က ရနိုင်မလား၊ စစ်ကောင်စီဘက်က ရနိုင်မလားဆိုတာ ဆွေးနွေးထားပါတယ်။
2021-08-28
Covid-19 ကူးစက်ခံထားရပြီး မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရောဂါအခြေအနေ သက်သာလာလို့ အိုးဘိုထောင်ကို ပြောင်းရွှေ့ထားလိုက်ပြီလို့ သိရပါတယ်။
2021-08-28
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကြက်ဆူကန်ရွာက စစ်ကောင်စီ သတင်းပေးသူလို့ နာမည်ကြီးတဲ့ ဦးကျော်ညွန့်နဲ့ သူ့ဇနီးတို့ ဒီနေ့ သြဂုတ် ၂၈ ရက် မနက်ပိုင်းက အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေ ကနေတဆင့် ဒီကနေ့ ထုတ်ပြန်ပါတယ်။
2021-08-27
နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို စက်တင်ဘာလ ၁၄ ရက်နေ့ ကျင်းပမယ့် ကုလသမဂ္ဂ credential committee အစည်းအဝေး မတိုင်မီ လုပ်ကြံသတ်ဖြတ်ဖို့ ထိုင်းနိုင်ငံရှိ မြန်မာလက်နက်ပွဲစားတစ်ဦးက စီစဉ်ခဲ့ပုံ၊ အဲဒီ အစီအစဉ် နိဂုံးချုပ်သွားခဲ့ပုံတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်သစ်တွေကို RFA က စုံစမ်းရရှိခဲ့ပါတယ်။
2021-08-27
ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ရိုဟင်ဂျာတွေအတွက်ပါ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး သွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ ဩဂုတ်လ ၂၇ ရက်နေ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2021-08-27
ချင်းပြည်နယ် ထန်တလန်မြို့မှာ ဩဂုတ် ၂၇ ရက် ဒီနေ့မှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးကိုအိမ်ပြင်ကို ထုတ်ကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ လူတစ်ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အကူအညီပေးနေသူတွေက RFA ကို ဒီနေ့ညနေက ပြောပါတယ်။
2021-08-27
ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းဟာ ဩဂုတ်လ ၂၅ ရက်နေ့က အင်းစိန်ထောင်ကို ထောင်ဝင်စာသွားပို့နေချိန် မနက်ပိုင်း မှာပဲ စစ်ကောင်စီက ဖမ်းဆီးတာခံခဲ့ရပါတယ်။
2021-08-27
ဒီရက်ပိုင်းအတွင်း ရုရှားနိုင်ငံကို မြန်မာစစ်တပ်ရဲ့ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲ ရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ရောက်ရှိနေချိန်မှာပဲ ရုရှားလေကြောင်း ရန်ကာကွယ်ရေးစနစ် စစ်လက်နက်တွေကို မြန်မာစစ်တပ်ဆီ အချိန်မီပို့ပေးမယ်လို့ ရုရှားစစ်ဘက်နည်းပညာ ကော်ပိုရေးရှင်းအကြီးအကဲက ပြောဆိုလိုက်ပါတယ်။
2021-08-27
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် မကျည်းတုံကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးကံမြင့်ကို စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူနဲ့ ပျူစောထီးအဖွဲ့က ဩဂုတ်လ ၂၆ ရက် မနေ့ နေ့လယ်ပိုင်းမှာ ဖမ်းဆီးရိုက်နှက်ပြီး ရဲစခန်းထံ အပ်ခဲ့ တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။