စစ်ကောင်စီရဲ့ အမိန့်တွေ မလိုက်နာကြဖို့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို NUG တိုက်တွန်း

2021.08.29
စစ်ကောင်စီရဲ့ အမိန့်တွေ မလိုက်နာကြဖို့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို NUG တိုက်တွန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၁၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ရစဉ်
Photo: RFA

စစ်ကောင်စီနဲ့ လမ်းခွဲလာတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီရဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို မနာခံကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းထားပါတယ်။

အဲဒီအချက်အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေကို ဟန့်တားနှောက်ယှက်တာတွေ မလုပ်ဖို့နဲ့ ပြည်သူတွေကို ဖမ်းဆီး၊ ညှဥ်းပန်း၊ နှိပ်စက်၊ သတ်ဖြတ်တာတွေအပြင် ပြည်သူပိုင်ပစ္စည်းတွေကို လုယက်ဖျက်ဆီးတာတွေ မလုပ်ဖို့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရည်ညွှန်းပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကနေ ဩဂုတ်၂၈ ရက် မနေ့က ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့ရင်ခွင်မှာ ခိုလှုံမယ့် တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လိုအပ်သလို ကူညီမှာ ဖြစ်ကြောင်းနဲ့ မှတ်တမ်းတင် ဂုဏ်ပြုပေးမယ်လို့ NUG အစိုးရက တိုက်တွန်းထားသလို တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက အမြန်ဆုံးဆက်သွယ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ပြည်သူကိုပုန်ကန်တဲ့ စစ်ကောင်စီရဲ့ လက်ကိုင်တုတ် အကြမ်းဖက်သမားတွေကိုတော့ ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပြင်းထန်စွာ တုံ့ပြန်အရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ ပြည်သူလူထု အပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို မခံရပ်နိုင်တာကြောင့် CDM ဝင်ပြီး ပြည်သူတွေနဲ့ ပူးပေါင်းလာတဲ့ အရာရှိ စစ်သည် အင်အား ၈၀၀ လောက်ရှိတယ်လို့ CDM တပ်မတော်သားတွေကို စာရင်းပြုစုနေတဲ့အဖွဲ့က ဦးဆောင်သူတစ်ဦး ဖြစ်တဲ့ CDM ဗိုလ်ကြီး လင်းထက်အောင်က RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-08-29 22:38

Need to more soldier and police to commit the CDM