သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-02-25
တအာင်းအမျိုးသမီး အဖွဲ့အစည်းက သူတို့ဒေသတွေက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ဒုက္ခသည် IDP တွေအကြောင်း ရေးသားထားတဲ့ အစီရင်ခံစာတစောင်ကို " လျှစ်လျူရှုခံ အကြပ်အတည်းများ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။ RFA အဖွဲ့သူ မသင်းသီရီက တင်ဆက်ထားပါတယ်။
2014-02-25
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ မှာရှိတဲ့ Gallant Ocean ဂဏန်းပုဇွန် အအေးခန်းစက်ရုံက အလုပ်သမားတွေ ၉၀ ကျော်ဟာ အမြဲတမ်း အလုပ်သမားတွေနဲ့ နေ့စားအလုပ်သမားတွေကြား လုပ်အားခတွေ ကွာဟနေတာကြောင့် တန်းတူရရေးအတွက် ဆန္ဒပြနေကြတာဟာ ဒီနေ့ဆိုရင် ၁ လကျော်ရှိသွားပြီလို့ သိရပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2014-02-25
ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီပေးနေတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ကို ရခိုင်ပြည်နယ်ထဲကနေ ချက်ချင်းထွက်ခွာသွားပေးဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရာနဲ့ချီတဲ့ ဒေသခံတွေက တတိယမြောက်နေ့အဖြစ် ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားပါတယ်။
2014-02-25
ဒီနေ့ ပြည်ထောင်စု လွှတ်တော်က အဖွဲ့ဝင် ၁၅ ဦးပါ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို အတည်ပြုလိုက်ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားပါတယ်။
2014-02-25
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲက သမီးလေးရွာနဲ့အနီးတဝိုက်ရွာတွေကို ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်း ဒေသခံ စစ်တပ်က ဖယ်ရှားလိုက်တဲ့နောက် နေစရာအခက် အခဲဖြစ်လို့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ အင်းမတီး ရွာသားတွေကို အဲဒီကနေထွက်ပေးဖို့ စစ်တပ်အရာရှိတစ်ဦး က မနေ့ညနေက သွားရောက်အမိန့်ပေးခဲ့တယ်လို့သိရ ပါတယ်။
2014-02-25
မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မြန်မာ့တပ်မတော် နဲ့ပူးပေါင်းဆောင်ရွက်ရေးဟာ အလွန်အရေးကြီးကြောင်း အမေရိကန် ပြည်ထောင်စု၊ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် ကာကွယ်ရေးဝန်ကြီးသစ် David Shear က အင်္ဂါနေ မနေ့က ပြောကြားလိုက်ပါတယ်။
2014-02-25
မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတွေမှာ နောင်လာမယ့် ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း သုံးထောင့်သုံးရာ ရင်းနှီးမြုပ်နှံသွားမယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး ကုမ္ပဏီ PTTEP က ဒီကနေ့ ပြောလိုက်ပါတယ်။
2014-02-25
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့ ဒေသခံလူအင်အား ၅၀၀ ကျော်လောက် ဆန္ဒပြတောင်းဆိုကြပါတယ်။
2014-02-25
ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေ အပေါ် အစိုးရမူဝါဒတွေ ချမှတ်ကန့်သတ်ထားတဲ့ အတွက် မြန်မာအစိုးရဟာ လူသားထုတစ်ရပ်လုံးအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှု crime against humanity ကျူးလွန်နေတာ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့အခြေစိုက် Fortify Rights အဖွဲ့က ဒီကနေ့ စွပ်စွဲလိုက်ပါတယ်။
2014-02-25
ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက် မှု အကူအညီတွေပေးနေတဲ့ နယ်စည်း မထား ဆရာဝန်များအဖွဲ့ MSF ရခိုင်ပြည်နယ်ထဲကနေ ထွက်ခွာသွားဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရာနဲ့ချီ တဲ့ ဒေသခံတွေက ၃ရက် မြောက်နေ့အဖြစ် ဆက် လက်တောင်းဆို ဆန္ဒပြကြပါတယ်။
2014-02-25
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို အကြီးအကဲနှစ်ဦးအပြင် အဖွဲ့ဝင် ၁၃ ဦး နဲ့ ပြည်ထောင်စု လွှတ်တော်က ဒီနေ့ အတည်ပြု လိုက်ပါတယ်။
2014-02-25
ဥပဒေပြဌာန်းတယ်ဆိုတာ လူတွေ အချင်းချင်းကြားထဲ ပဋိပက္ခတွေ နည်းနိုင် သမျှနည်းအောင်နဲ့ ရှိတဲ့ပဋိပက္ခတွေကိုလည်း အေးအေး ချမ်းချမ်းနဲ့ ဖြေရှင်းနိုင်အောင် ပြဌာန်းတာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ဥပဒေ ကျောင်းသူကျောင်းသားတွေ နဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။
2014-02-25
မတူကွဲပြားတဲ့ ဘာသာဝင်တွေအကြား သဟဇာတ ဖြစ်စေဖို့ရည်ရွယ်ပြီး ဘာသာပေါင်းစုံက လူငယ်တွေ ပဲခူးမြို့ပေါ်က ခရစ်ယာန်ဘုရားကျောင်း၊ မွတ်စလင်ဗလီ၊ ဟိန္ဒူဘုရားကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က သွားရောက်လေ့လာခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-02-25
တနင်္သာရီတိုင်းဒေသကြီး ကန်ဘောက်ဒေသမှာ သဘာဝဓာတ်ငွေ့ထုတ်လုပ်နေတဲ့ ကုမ္ပဏီသုံးခုကို ကျေးရွာချင်းဆက်လမ်းတွေ ပြုပြင်ပေးဖို့နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် ထောင်နဲ့ချီတဲ့ ဒေသခံတွေက ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-02-25
ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီပေးနေတဲ့ MSF (ခေါ်) "နယ်စည်းမထား ဆရာဝန်များအဖွဲ့" ရခိုင်ပြည်နယ်ထဲကနေ ချက်ချင်းထွက်သွားပေးဖို့အတွက် စစ်တွေမြို့မှာ ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။