အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို လွှတ်တော်အတည်ပြု


2014.02.25
ushweman-305.jpg ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပုံ
photo: Internet

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို အကြီးအကဲနှစ်ဦးအပြင် အဖွဲ့ဝင် ၁၃ ဦးနဲ့ ပြည်ထောင် စု လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ အဆိုပြုထားသူတွေထဲက ကော်မရှင် ဥက္ကဌအဖြစ် ဦးမြဝင်း (စစ်မှုထမ်း အငြိမ်းစား) နဲ့ အတွင်းရေးမှူးအဖြစ် ဦးတင်ဦး (သံအမတ်ကြီး အငြိမ်းစား) တို့ကို ရွေးချယ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ အခုလို အတည်ပြုကြေညာခဲ့ပါတယ်။

"လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတထံမှ အမည်စာရင်းပေးပို့ထားသည့် (၁)ဦးမြဝင်း၊ (၂)ဦးတင်ဦး၊ (၃)ဦးကျော်ကျော်၊ (၄)စိုးတင့် (၅)သန်းအောင်၊ (၆)ဦးမောင်ရှိန်၊ (၇)ဒေါက်တာသက်စံ၊ (၈)ဦးနေဝင်း၊ (၉)ဒေါ်မြမြစိုး၊ (၁ဝ)ဦး တင်မောင်၊ (၁၁)ဦးစွန်ဒုတ်ကျင့်၊ (၁၂)ဒေါက်တာညီညီထွန်း၊ (၁၃)ဦးကျော်မြင့်၊ (၁၄)ဒေါ်သန်းသန်းရီ၊ (၁၅)ဦးအောင်နိုင်စိုး တို့ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦးကို ဦးမြဝင်းအား ကော်မရှင်ဥက္ကဌအဖြစ်၎င်း၊ ဦးတင်ဦးအား ကော်မရှင် အတွင်းရေးမှူးအဖြစ်၎င်း ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘော တူကြောင်း ကြေညာပါတယ်"

နိုင်ငံတော်သမ္မတက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ဖွဲ့စည်းဖို့အတွက် ကော်မရှင်ဥက္ကဌနဲ့ အတွင်းရေးမှူးအမည်တွေကို အဆိုပြုတင်ပြခဲ့တာပါ။ ကော်မရှင်အဖွဲ့ဝင် ၁၃ ဦးကို နိုင်ငံတော်သမ္မတ အဆိုပြုသူ ၃ ဦး၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတို့က အဆိုပြုသူ ၅ ဦးစီနဲ့ ဖွဲ့စည်းလိုက်တာပါ။

ဒီကော်မတီအတည်ပြုဖွဲ့စည်းမှုနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုနေမျိုးထွန်းရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

အသစ်ပေါ်ပေါက်လာမယ့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်နဲ့ ပတ်သက်လို့ လေ့လာသူတွေရဲ့ အမြင်ကို RFA အဖွဲ့သား ဦးဘအောင် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။