သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-28
ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ဖြစ်ကြောင်း မြန်မာနိုင်ငံကို ၃ ရက်ကြာ ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် Pope Francis က ပြောကြားလိုက်ပါတယ်။
2017-11-28
ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ညက မင်္ဂလာတောင်ညွန့်မြိုနယ်မှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုနဲ့ ပတ်သက်ပြီး ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ဂ)နဲ့ တရားစွဲဆိုခံထားရသူ ၅ ဦးကို ဒီကနေ့ မင်္ဂလာတေင်ညွန့်မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လချမှတ်လိုက်ပြီး ချုပ်ရက်ကို ထုတ်နှုတ်ခံစားခွင့်ပေးခဲ့တဲ့အတွက် လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။
2017-11-28
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မန်းရွှေစက်တော်ဘုရားအနီးမှာ ကျောက်မီးသွေးတွင်း တစ်တွင်း မနေ့က လေပြွန်ပိုက် ပေါက်ကွဲတာကြောင့် အလုပ်သမား ၄ ယောက် သေဆုံး ပြီး နောက်ထပ် ၄ ယောက်လောက်လည်း ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေတယ်လို့ တိုင်းဒေသကြီးဝန်ကြီး ဦးနေမျိုးကျော် က ဒီနေ့ ပြောပါတယ်။
2017-11-28
ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာအေးမောင်ဟာ ပါတီဥက္ကဌတာဝန်နဲ့ ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်ခွင့်ပေးဖို့ ပါတီဌာနချုပ်ထံ မနေ့က စာတင်လိုက်ပါတယ်။
2017-11-28
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ စွဲဆိုထားတဲ့အမှုကို ပိတ်သိမ်းပေးဖို့ ဆရာတော် ဦးပါမောက္ခ ရှေ့နေရဲ့ လျှောက်ထားချက်ကို လာမယ့် ဒီဇင်ဘာလ ၁၂ရက်နေ့မှာ အပြီးသတ်အမိန့်ချဖို့ ကမာရွတ်မြို့နယ်တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2017-11-28
ရခိုင်ပြည်နယ်ကနေ ထွက်ရှိတဲ့ သဘာဝသယံဇာတတွေကို ပြည်နယ်ကနေ စီမံခန့်ခွဲပြီး အကျိုးအမြတ်ထက်ဝက်ကို ခွဲဝေအသုံးပြုခွင့်အပါအဝင် နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ အညီ ဒေသခံတွေရဲ့အခွင့်အရေးကို စီမံဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ဆက်လက်ဆွေးနွေးဖို့ ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။
2017-11-28
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးရေးနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်နဲ့ မွန်ပြည်သစ်ပါတီခေါင်းဆောင်တွေဟာ ဒီနေ့မနက်ပိုင်းက မွန်ပြည်နယ် ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်စုမှာရှိတဲ့ ပုပ္ဖဝတီသာသနာပြုနယ်မြေက ကိုယ်ရင်လေးကျောင်းမှာ တွေ့ဆုံ ခဲ့ကြပါတယ်။
2017-11-28
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ လက်ယက်စမ်းလေးကျေး ရွာအနီးက ဇာမဏီဆည် ဟာ ဒီကနေ့ မနက်ပိုင်းမှာ ကျိုးပေါက်ခဲ့တာကြောင့် အိမ်ခြေ ၇၅ လုံးလောက်မှာ ရေတွေဝင်ရောက်ခဲ့ပြီး ကျေးရွာသားတွေ ရေလွတ်ရာနေရာကို ပြောင်းရွှေ့နေ ထိုင်နေကြရပါတယ်။
2017-11-28
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်တဲ့ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီဟာ နှစ်နှစ်အတွင်း ပြီးစီးအောင် ရိုက်ကူးသွားမယ်လို့ ကော်မတီမှာ ပါဝင်တဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ပြောပါတယ်။
2017-11-28
ပုပ်ရဟန်းမင်းကြီး Francis ဖရန်စစ်ဟာ ၄ ရက်တာ ကြာမြင့်မယ့် သမိုင်းဝင်ခရီးစဉ်အဖြစ်၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်၊ ဒီကနေ့ နေ့လည်မှာ မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာပါတယ်။
2017-11-27
ရှမ်းပြည်နယ်မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား နေရာရွေးချယ်မှုအခက်အခဲကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က ကြားဝင်စေ့စပ်ပေးတဲ့အတွက် ပြေလည်မှုရရှိခဲ့ပါတယ်။
2017-11-27
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပြီးနောက် နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ... လနဲ့ချီပြီး မစောင့်ဆိုင်းရတော့ဘဲ ရက်ပိုင်းအတွင်းမှာ ထုတ်ပေးနိုင်တဲ့အထိ တိုးတက်လာခဲ့ပါတယ်။
2017-11-27
၂ဝ၁၅ ခုနှစ်က ကောက်ယူထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား တစ်သန်းကျော် ရှိနေပါတယ်။
2017-11-27
မြန်မာနိုင်ငံမှာ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် ၂ဝ၁၁ ခုနှစ် စက်တင်ဘာလမှာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။
2017-11-27
“တရားဥပဒေစိုးမိုးရေးရှိမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်နိုင်မယ်” လို့ မဲဆွယ်စည်းရုံးပြီး ၂ဝ၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အစိုးရလက်ထက်မှာ တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်သေးသလို၊ အထူးသဖြင့် လူမျိုးရေး ဘာသာရေးပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှု အားနည်းနေတယ်လို့ ဥပဒေရေးရာကျွမ်းကျင်သူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။