သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-29
ကိုယ့်လက်ထဲရရှိထားတဲ့ အာဏာကို လက်မလွှတ်ချင်လို့ နည်းလမ်းအမျိုးမျိုး သုံးပြီး ဆုပ်ကိုင်ထားတယ်ဆိုတာ လုံးဝမသင့်တော်ဘူး၊ ဒါမျိုးကိုတားမြစ်နိုင်အောင် လုပ်သွား ကြရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2014-10-29
မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က ထုတ်ချေးထားတဲ့ စိုက်ပျိုး စရိတ်ချေးငွေတွေ ပြန်မဆပ်နိုင်တဲ့ သမဂ္ဂ အဖွဲ့ဝင် လယ်သမားတွေအနေနဲ့ မြန်မာနိုင်ငံတောင်သူ လယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဆီ အထောက်အထားခိုင်ခိုင်မာမာ တင်ပြနိုင်ရင်ဖြေရှင်းပေး မယ်လို့ ပြောပါတယ်။
2014-10-29
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးပေးဖို့ ၈၈ မျိူးဆက်ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲပြု လုပ် တောင်းဆိုခဲ့ကြတာနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုမျိုးဇော်ကိုက စုစည်းတင်ပြ ထားတာကိုလည်း ဆက်လက်ကြည့်ရှုပါ။
2014-10-29
ငွေကျပ် သန်းပေါင်း ၆၀၀၀ ကျော်သုံးစွဲမယ့် ဗိုလ်ရှုခံ အဆောက်အအုံ ဆောက်လုပ်ဖို့ စီစဉ်နေတဲ့ အကြောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးစိုးတင့်က မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ရှင်းပြခဲ့ပါတယ်။
2014-10-29
မြန်မာနိုင်ငံက အမျိုးသမီးထုထဲမှာ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်လို့ သိရှိနားလည်မှု အားနည်း နေပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှုတွေ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နေတဲ့အတွက် အမျိုးသမီး အခွင့်အရေးတွေကို ဥပဒေပြုအကာအကွယ်ပေးဖို့ အမျိူးသမီးအရေးလှုပ်ရှားသူတွေက လိုလားနေကြပါတယ်။
2014-10-29
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Derek Mitchell ဟာ ကချင်ပြည်နယ် မှာ ၃ ရက်ကြာလေ့လာခဲ့တဲ့ ခရီးစဉ်အပြီး မနေ့က မြစ်ကြီးနားမြို့က မထွက်ခွာမီ RFA ကသီးသန့် တွေ့ဆုံခွင့်ရ ခဲ့ပါတယ်။
2014-10-29
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဆောင်ရွက်နေတဲ့ ဝမ်ပေါင် ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်သွားဖို့ လက်ပံတောင်း ဒေသခံတွေက ဒီနေ့ ချီတက် ဆန္ဒပြ ခဲ့ကြပါတယ်။
2014-10-29
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး ပါတီက ခေါင်းဆောင်တွေနဲ့ လာ မယ့် အောက်တိုဘာလ ၃၁ ရက်နေ့ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားလိုက်ပါတယ်။
2014-10-29
ထိုင်းနိုင်ငံ ခိုထောင်းကျွန်း ခေါ် လိပ်ကျွန်း မှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ မျိုးရိုးဗီဇ DNA ကို ထပ်မံစစ်ဆေးခွင့်ပြုမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-10-29
မြန်မာနိုင်ငံမှာ ကျင့်သုံးမယ့် ရွေးကောက်ပွဲ စနစ်ဟာ ပြည်သူတွေ လက်ခံ တဲ့ရွေးကောက်ပွဲစနစ်ဖြစ်ဖို့ ပြည်သူတွေကြားထဲ ချပြပြီး သဘောထားရယူသင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးကျော်မြင့်က ပြည်သူ့ လွှတ်တော်မှာ ဒီကနေ့ တင်ပြဆွေးနွေးခဲ့ပါတယ်။
2014-10-29
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ထုတ်ပြန် ထားတဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို မနေ့က ရုပ်သိမ်းလိုက်ပါတယ်။
2014-10-29
အလွတ်တန်းသတင်းထောက် ကိုပါကြီး အသတ်ခံရတာနဲ့ ပတ်သက်ပြီး တပ်မတော် က ထုတ်ပြန်ချက်မှာပါတဲ့ အချက်တွေဟာ အဖြစ်မှန်နဲ့ ကွာဟထောက်ပြဝေဖန်စရာတွေ ရှိနေ တာကြောင့် အဖြစ်မှန်ပေါ်ပေါက်ဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားသွားမယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်း ၄၆ ဖွဲ့ ပါဝင်တဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-10-28
မြန်မာနိုင်ငံရဲ့ သွင်းကုန်တွေ တနေ့ တခြား မြင့်မားလာပြီး အမေရိကန်ဒေါ်လာ က ဈေးခိုင် တောင့်တင်းလာတာကြောင့် မြန်မာကျပ်ငွေဟာ ပြီးခဲ့တဲ့ ၂ နှစ်ကာလအတွင်း အနိမ့်ဆုံး ဈေးကိုရောက်နေ တယ်လို့ ဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆက်အောင် က ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ရေးသား လိုက်ပါတယ်။
2014-10-28
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ကျင်းပမယ့် တန်ဆောင်တိုင်ပွဲတော် လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ အင်အားတစ်ထောင်ကျော်ကို တာဝန်ပေးထားတယ်လို့ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထူးက ဒီကနေ့ ပြောပါတယ်။
2014-10-28
အမေရိကန် ပြည်ထောင်စုရှိ ကမ္ဘာကျော် Colgate-Palmolive ကုမ္ပဏီကြီး က မြန်မာနိုင်ငံက လေဆာ တံဆိပ် သွားတိုက်ဆေး ထုတ်လုပ်ဖြန့်ဖြူးမှုလုပ်ငန်းကို မူလ ပိုင်ရှင် ရွှေဧရာနဒီ ကုမ္ပဏီကနေ ဒေါ်လာ သန်း ၁ဝဝ လောက်နဲ့ ဝယ်ယူ လိုက်ပြီလို့အမေရိကန် Wall Street Journal သတင်းစာက ဖော်ပြလိုက်ပါတယ်။