ကျပ်ငွေတန်ဖိုး ၂ နှစ်အတွင်း အနိမ့်ဆုံး ဈေးကို ရောက်
2014.10.28

မြန်မာနိုင်ငံရဲ့ သွင်းကုန်တွေ တနေ့တခြား မြင့်မား လာပြီး အမေရိကန်ဒေါ်လာက ဈေးခိုင် တောင့်တင်း လာတာကြောင့် မြန်မာကျပ်ငွေဟာ ပြီးခဲ့တဲ့ ၂ နှစ် ကာလအတွင်း အနိမ့်ဆုံး ဈေးကိုရောက်နေတယ်လို့ ဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆက်အောင် က ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ရေး သားလိုက်ပါတယ်။
အဲ့ဒီလို ဈေးကျနေတာဟာ ဒေသတွင်းက အိမ်နီး ချင်းနိုင်ငံတွေက ငွေကြေးတွေနဲ့ ဆက်စပ်နေ တာဖြစ်ပြီး ရှေ့လထဲမှာ ကျပ်ငွေဟာ ဈေးပြန်တက် လာစရာရှိတာကြောင့် ဗဟိုဘဏ်အနေနဲ့ ဘာမှ ဝင်စွက်စရာမလိုဘူး၊ အဓိကအကြောင်းရင်းက ကျပ်ငွေ အားယုတ်သွားတာမဟုတ်ပဲ ဒေါ်လာ ဈေးကောင်း လာတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အမေရိကန် ဒေါ်လာနဲ့ လဲလှယ်နှုံးမှာ ကျပ်ငွေဟာ တနင်္လာနေ့မနက်ပိုင်းက ၁ဝဝ၃ ကျပ် ရှိခဲ့ပြီး မနေ့မနက် ကတော့ ၁ဝဝ၄ ဖြစ်သွားခဲ့ပါတယ်။
တနင်္လာနေ့က ပြင်ပဈေးကွက် ပုဂ္ဂလိကဘဏ်တွေမှာ အမေရိကန် ဒေါ်လာဟာ ဝယ်ဈေး ၉၉၄ ကျပ်ရှိ ပြီး ရောင်းဈေး ၁ဝဝဝ ရှိခဲ့ပါတယ်။