သမ္မတ၊ ကာချုပ်၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပါတီခေါင်းဆောင် တချို့ တွေ့ဆုံမည်


2014.10.29
u-thein-sein-meeting-b305 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီအဖွဲ့ဝင်များနဲ့ တွေ့ဆုံစဉ်။
Photo: Myanmar President Office

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးပါတီ က ခေါင်းဆောင်တွေနဲ့ လာမယ့် အောက်တိုဘာလ ၃၁ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြား လိုက်ပါတယ်။

အဲဒီဆွေးနွေးပွဲကို နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲ လို့ ခေါင်းစဉ် တပ်ထားတဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင် ငံရေးပါတီတွေကလည်း ထိပ်ပိုင်းခေါင်းဆောင်တွေ လည်း တက်ရောက်ကြမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းညွန့်လွင်က သူတို့ပါတီရဲ့ ဥက္ကဌ ဦးခွန်ထွန်းဦး အမည်နဲ့ ဖိတ်ကြားထားတာလို့ ပြော ပါတယ်။

"နိုင်ငံရေးထိပ်သီး တွေ့ဆုံဆွေးနွေးပွဲ သမ္မတ ဖိတ်တာ၊ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်တွေတွေ့ တာ ကောင်းတယ်၊ သို့သော်လည်းပဲ တကယ်အတိုက်အခံခေါင်းဆောင် နှစ်ယောက်ပဲပါတယ်လေ၊ ဒါပေမဲ့ အပြင်မှာထွက်တဲ့ သတင်းတွေကတော့ သမ္မတပါမယ်၊ လွှတ်တော်ပါမယ်၊ တပ်ကပါမယ်"

ဖိတ်ကြားခံထားရတဲ့ နိုင်ငံရေးပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက ဘာတွေဆွေးနွေးမလဲဆိုတာ အကြမ်းဖျင်းသတ်မှတ်ပေးထားတာပါရှိတယ်လို့ ပြောပါတယ်။

နိုင်ငံရေးပါတီ ၅ ပါတီက ခေါင်းဆောင်တွေနဲ့ နိုင်ငံတော်သမ္မတက တွေ့ဆုံဖို့ ပုဂ္ဂိုလ်အမည်တွေတပ်ပြီး ဖိတ်ကြားတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး တို့လည်း တက်ရောက်မယ်လို့ သတင်းထွက်နေပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။