ကျပ်သန်းခြောက်ထောင်သုံးမယ့် ဗိုလ်ရှုခံ
2014.10.29
ငွေကျပ် သန်းပေါင်း ၆၀၀၀ ကျော်သုံးစွဲမယ့် ဗိုလ်ရှုခံ အဆောက်အအုံ ဆောက်လုပ်ဖို့ စီစဉ်နေတဲ့ အကြောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးစိုးတင့်က မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ရှင်းပြခဲ့ပါတယ်။ အဲ့ဒီလို ဗိုလ်ရှုခံ အဆောက်အုံ တည်ဆောက်ဖို့ စီစဉ်တဲ့ အပေါ် ထောက်ခံတဲ့အမတ်တွေ ရှိသလို ကန့်ကွက်တဲ့သူတွေလည်း ရှိနေပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမြင်ကို RFA ဝိုင်းတော်သူ မသင်းသီရိ က တင်ပြထားပါတယ်။