သံတွဲမှာ ညမထွက်ရအမိန့် ရုပ်သိမ်း


2014.10.29
curfew-305.jpg ရခိုင်ပြည်နယ်ရှိ မြို့တစ်မြို့တွင် မော်တော်ယာဉ်တစ်စီးဖြင့် ညမထွက်ရအမိန့်ကို လိုက်လံအသိပေး ကြေညာနေစဉ်
Photo: RFA

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို မနေ့က ရုပ်သိမ်း လိုက်ပါတယ်။

သံတွဲမြို့နယ်မှာ အခြေအနေတွေ တည်ငြိမ်နေပြီဖြစ်လို့ မြို့ခံတွေက ရုပ်သိမ်းပေးဖို့ တောင်းဆိုလာတဲ့အတွက် အစိုးရက ရုပ်သိမ်းလိုက်တာလို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း မနေ့က မြို့တွင်း မှာ လှည့်လည်ကြေညာခဲ့ တာဖြစ်ပြီး ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ထံကိုလည်း အကြောင်း ကြားစာပေးပို့ထားတယ်လို့ ဦးဝင်းမြိုင်က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လ ၃၀ ရက်နေ့က တောင်ကုတ်မြို့မှာ အမျိုးသမီးတစ်ဦးကို မြို့ခံမွတ်စလင် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ရာကနေ သံတွဲမြို့မှာ ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်တွေ၊ မြောက်ဦး ၊ ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ ပေါက်တော စတဲ့မြို့နယ် ၁၀ ခုကျော်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရပါတယ်။

အဲဒီမြို့နယ်တွေထဲက ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ အခုချိန်ထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။