သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-01-28
မြန်မာနိုင်ငံဟာ ဂုဏ်သိက္ခာရှိပြီး သာယာဝပြောတဲ့ နိုင်ငံဖြစ်ဖို့ အရေးကြီးတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီကျွန်း ဟိုနိုလူလူမြို့ Rotary International’s Global Peace ညီလာခံ ငြိမ်းချမ်းရေးဆုလက်ခံတဲ့ အခမ်းအနားမှာ စနေနေ့က ပြောကြားခဲ့ပါတယ်။
2013-01-27
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရွှေလီလမ်းမှာ ရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ မနက်ပိုင်းက ပြည်ထောင်စု ဝန်ကြီး ၃ ဦးနဲ့ လူထုအခြေပြု အဖွဲ့အစည်း များ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2013-01-27
မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲမှာ ဒေသ မတည်ငြိမ်တဲ့အတွက် အခုရက်ပိုင်းအတွင်း အခြေခံစားကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ရှားပါးပြတ်လတ်နေပြီး ဈေးနှုန်းတွေလည်း အဆမတန် ကြီးမြင့်နေတယ်လို့ သိရပါတယ်။
2013-01-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တဝိုက်မှာ ရှိတဲ့ ရွှေ့ပြောင်းမြန်မာကလေးငယ်တွေရဲ့ စာသင်ကျောင်းတွေအတွက် အလှူငွေကျပ် ၁၂၈ သိန်း ကို ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ မြဝတီမြို့က မြဝတီဟိုတယ်မှာ အခမ်းအနားကျင်းပပြီး ပေးအပ်ခဲ့ပါတယ်။
2013-01-27
ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ် ၊ ဝေဇယန္တာလမ်းမရဲ့ ဘေးဖက်မှာရှိတဲ့ မိချောင်းကန် စိုက်ပျိုးရေး မြေကွက် အပိုင်း(၁)၊ (၂)၊ (၃) ကို ၁၉၉၂ ခုနှစ်တုန်းက စစ်တပ်ကနေ သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး မြေသိမ်းခံထားရတဲ့ ဒေသခံ ၅၀၀ ကျော်ဟာ ဇန်နဝါရီလ ၂၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
2013-01-27
ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းပေးဖို့အတွက် စုပေါင်းလမ်းလျှောက်နေကြတဲ့ ငြိမ်းချမ်းရေး လိုလားသူတွေကို ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ပဲခူးတိုင်း ဖြူးမြို့နယ် အရောက်မှာ ဒေသခံ အာဏာပိုင်တွေက ဆန္ဒပြတဲ့အသွင်မဆောင်ဘဲ ခရီးသွားတဲ့ပုံစံနဲ့ပဲ သွားလာကြဖို့ ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ပါတယ်။
2013-01-27
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ တစ်ချို့အချက်တွေဟာ ဒီမိုကရေစီ စနစ်နဲ့ ဆန့်ကျင်နေတာကြောင့် ပြင်ဆင်ဖို့ လိုအပ်ကြောင်း၊ ပြင်ဆင်နိုင်မယ်လို့လည်း မိမိအနေနဲ့ မျှော်လင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းက ဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။
2013-01-27
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က အစိုးရ GE စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ပိုင် ကားတစ်စီးကို ဘင်္ဂလားဒေရှ့်အခြေစိုက် လက်နက်ကိုင်တစ်ချို့က မီးရှို့ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဖက်က ဘင်္ဂလားဒေရှ့်-မြန်မာ နယ်စပ် တစ်လျှောက်မှာ လုံခြုံရေးတပ်တွေကို တိုးမြှင့်ချထားလိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။
2013-01-27
ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က စီစဉ်တဲ့ ငြိမ်းချမ်းရေး စာတမ်းဖတ်ပွဲနဲ့ ဆွေးနွေးပွဲကို မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ရဲမွန် တောင်ရပ်ကွက်က ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်မှာ မနေ့က နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။
2013-01-26
အခုတပတ် တနင်္ဂနွေ စကားဝိုင်းအစီအစဉ်မှာ ကျောင်းသားကျောင်းသူတွေ ပညာရှာဖွေကြတဲ့အခါ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့ ဘယ်လိုလိုအပ်ချက်တွေ ရှိသင့်တယ်။ ဒီနိုင်ငံတွေမှာ ဘယ်လိုကျင့်သုံး လုပ်ကိုင်နေတယ်ဆိုတာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ RFA ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တာဖြစ်ပါတယ်။
2013-01-26
KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာအစိုးရရဲ့ လက်ရှိ ဆက်ဆံရေးအခြေအနေနဲ့ KNU ရဲ့ မြန်မာ့လက်ရှိ အရေးအပေါ် ရှုမြင်ပုံတွေကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက KNU အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2013-01-26
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာ သီတလရံသီ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပတဲ့ (ဇန်နဝါရီ ၂၆ ရက်) ပြာသိုလပြည့် အမေနေ့မှာ အခုဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်တာဝန်ရှိ သူတွေအနေနဲ့ ပြည်သူတွေကို ငဲ့ညာပြီး မေတ္တာ နဲ့ ဖြေရှင်းကြဖို့ ဝါးရှောင်ဆရာတော် အရှင်ဝိဇယက တိုက်တွန်းလိုက်ပါတယ်။
2013-01-26
ကချင်ပြည်နယ်အတွင်း အစိုးရနဲ့ KIO တပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဗန်းမော် နဲ့ မြစ်ကြီးနား ကိုသွားတဲ့ ကားလမ်းကြောင်းတွေ ပြတ်တောက်နေတာ ကြာပြီဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ ရေကြောင်းကနေ တရားဝင်သွားလာခွင့်ရဖို့ ရေကြောင်းဦးစီးဌာန အပြင် ဒေသဆိုင်ရာ အာဏာပိုင်တွေကို တင်ပြထား တယ်လို့ သိရပါတယ်။
2013-01-26
လက်ရှိအစိုးရနဲ့ အပစ်အခတ်ရပ်စဲ ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ ပထမဆုံး ဆက်ဆံရေးရုံးဖွင့်ပွဲကို တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်က အဲဒီရုံးမှာ ဒီကနေ့မနက် ၈ နာရီ က ဖွင့်လှစ်ခဲ့ပါတယ်။
2013-01-26
လွန်ခဲ့တဲ့ရက်တွေအတွင်း အစိုးရတပ်များက အင်နဲ့အားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ခါရာဘွန်တောင်ကုန်းကို ဒီကနေ့ လက်လွှတ်ဆုတ်ခွာပေးလိုက်ရကြောင်း KIA စစ်မဟာဗျုူဟာ ဌာနအကြီးအကဲ ဗိုလ်မှူးကြီး ဇော်တောင် က RFA ကို ဒီကနေ့ အတည်ပြုပြောကြားပါတယ်။