အရေးပါတဲ့ ကချင်တောင်ကုန်း အစိုးရတပ်တွေ သိမ်းပိုက်

လွန်ခဲ့တဲ့ရက်တွေအတွင်း အစိုးရတပ်များက အင်နဲ့အားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ခါရာဘွန်တောင်ကုန်းကို ဒီကနေ့ လက်လွှတ်ဆုတ်ခွာပေးလိုက်ရကြောင်း KIA စစ်မဟာဗျုူဟာ ဌာနအကြီးအကဲ ဗိုလ်မှူးကြီး ဇော်တောင် က RFA ကို ဒီကနေ့ အတည်ပြုပြောကြားပါတယ်။

KIO စစ်ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးက ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
KIO စစ်ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးက ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ် (Photo : RFA/ Nyein Nyein Pyae)

ပွိုင့် ၁၀၁၂ လို့ အမည်ပေးထားတဲ့ ခါရာဘွန်တောင်ကုန်းဟာ KIO စစ်ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ရဲ့ အနောက်ဘက်မှာရှိပြီး ဒေသတွင်းမှာ မဟာဗျူဟာကျတဲ့ အမြင့်ဆုံးတောင်ကုန်းတစ်ခုဖြစ်ပါတယ်။

အဲဒီတောင်ကုန်းကို အစိုးရတပ်တွေ ရရှိသွားတာကြောင့် လိုင်ဇာမြို့ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေတွေရှိတယ်လို့ သိရပါတယ်။

လိုင်ဇာမြို့အနီးက ဒုက္ခသည်စခန်းတွေမှာလည်း ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေပိုပြီး တိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ့ဒေသမှာသတင်းယူဖို့ ရောက်ရှိနေတဲ့ အလွတ်သတင်းထောက်တစ်ဦးက ခုလိုပြောပါတယ်။

"ဒုက္ခရောက်လို့ ဒုက္ခသည်စခန်းကိုလာပါတယ်ဆိုမှ ဘယ်ထွက်ပြေးရမှန်း မသိဖြစ်နေတယ်။ တစ်ဒုန်းဒုန်း တစ်ဒိုင်းဒိုင်းက ဒီနားတစ်ဝိုက်မှာ ကြားနေရတယ်ဆိုတော့လေ"

လိုင်ဇာမြို့အနီးရှိ ဒုက္ခသည်စခန်း၂ ခုမှာ ရောက်ရှိနေတဲ့ ဒုက္ခသည် ၂သောင်းကျော်ရှိပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ခလေးတွေ ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ပွားနေတယ်လို့ သိရပါတယ်။

KIA စစ်မဟာဗျူဟာဌာန အကြီးအကဲ ဗိုလ်မှူးကြီး ဇော်တောင်နဲ့ RFA ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

0:00 / 0:00