သင်္ဃန်းကျွန်းမြို့နယ်က ဒေသခံတွေ ဆန္ဒပြ

ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ် ၊ ဝေဇယန္တာလမ်းမရဲ့ ဘေးဖက်မှာရှိတဲ့ မိချောင်းကန် စိုက်ပျိုးရေး မြေကွက် အပိုင်း(၁)၊ (၂)၊ (၃) ကို ၁၉၉၂ ခုနှစ်တုန်းက စစ်တပ်ကနေ သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး မြေသိမ်းခံထားရတဲ့ ဒေသခံ ၅၀၀ ကျော်ဟာ ဇန်နဝါရီလ ၂၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

2013.01.27
farmer_protest_305.jpg သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမ ဘေးဖက်မှာရှိတဲ့ မိချောင်းကန် စိုက်ပျိုးရေး မြေကွက်များကို စစ်တပ်ကနေ သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး မြေသိမ်းခံထားရတဲ့ ဒေသခံတွေက ဇန်နဝါရီလ ၂၇ ရက်နေ့က ဆန္ဒဖော်ထုတ်နေကြပုံ
Photo: 88 Generation

ဆန္ဒဖော်ထုတ်သူတွေဟာ "ငါတို့မြေ ငါတို့ကို ပြန်ပေး၊ လူ့အခွင့်ရေး တန်းတူပေး၊ ပြည်သူရဲ့အသံ အမှန်နားထောင်ပေး"ဆိုတဲ့  စာတန်းတွေပါတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဝေဇယန္တာလမ်းနဲ့ ပြည်သာယာလမ်းဆုံမှာ တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။

ဒီကနေ့ ဆန္ဒပြပွဲကို အာဏာပိုင်တွေဆီမှာ ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် ဆန္ဒပြမယ့် ဝေဇယန္တာလမ်းမကို ပြုပြင်နေတဲ့အတွက် လမ်းပိတ်ဆို့မှုတွေ မဖြစ်ပွားအောင် ပြုလုပ်ခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။