သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-07
မန္တလေး ဘီယာစက်ရုံ တိုးချဲ့ဆောက်လုပ်ဖို့အတွက် တပ်မတော်က ငှားရမ်းလိုက်တဲ့ အထဲမှာပါဝင်တဲ့ မြေဧက ၈၀ ကျော်ကို ပြန်လည်စွန့်လွှတ်ပေးဖို့ မန္တလေးမြို့၊ ပုသိမ်ကြီးမြိ့နယ်၊ စည်သာယာရွာက တောင်သူ ၁၀၀ ခန့်က ဒီနေ့ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ပါတယ်။
2019-04-07
၂၀၁၉ ခုနှစ်အတွက် ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ရရှိခဲ့ပါတယ်။
2019-04-06
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က အခွန်ဦးစီးမှူးဟာ အဂတိလိုက်စားမှုရှိခဲ့တယ်ဆိုပြီး ကော်မရှင်ကို တိုင်ကြားခဲ့ရာမှာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးနောက် ဌာနပြောင်းရွှေ့တဲ့ အရေးယူမှုသာ ပြုလုပ်ခဲ့တဲ့အပေါ် တိုင်ကြားသူတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2019-04-06
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းက ပလောင်ဒုက္ခသည် စခန်းတွေမှာ စားနပ်ရိက္ခာ လိုအပ်ချက်အပြင် ဒုက္ခသည် မိသားစုတွေ နေထိုင်ဖို့ အမိုးအကာ အဆောက်အဦး မလုံလောက်မှု စတဲ့ အခက်အခဲတွေ ရှိနေပါတယ်။
2019-04-06
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က အခွန်ဦးစီးမှူးဟာ အဂတိလိုက်စားမှုရှိခဲ့တယ်ဆိုပြီး ကော်မရှင်ကို တိုင်ကြားခဲ့ရာမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဌာနပြောင်းရွှေ့တဲ့ အရေးယူမှုသာ ပြုလုပ်ခဲ့တာဟာ အားနည်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဦးဆောင်တိုင်ကြားသူ ဒေါ်ရွှေကြည်က ဒီနေ့ မန္တလေးမြို့ မီဒီယာစင်တာမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2019-04-06
၂ဝ၁၉ ဧပြီ ၆ ရက်နေ့ စနေစကားဝိုင်း အစီအစဉ်မှာ " NLD အစိုးရ ၃ နှစ်ပြည့် တိုးတက်ပြောင်းလဲမှုများ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-04-06
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းရွာမှာ တပ်မတော်သား နှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အသက် ၈ နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် လူ ၇ ယောက် သေဆုံးခဲ့ရတယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက RFA ကို ဒီနေ့ အတည်ပြုပြောပါတယ်။
2019-04-06
ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်မှာရှိတဲ့ တီကျစ် ကျောက်မီးသွေးစက်ရုံနဲ့ ကျောက်မီးသွေးမိုင်းကို အပြီးပိတ်ပေးဖို့ MATA အဖွဲ့က ဦးဆောင်ပြီး အင်အားရာနဲ့ချီတဲ့ ဒေသခံတွေဟာ တီကျစ်ဒေသမှာ ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2019-04-06
ရန်ကုန် စည်ပင်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုအောင်ခန့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ဒီနေ့ အကြောင်းကြားလာတယ်လို့ ကိုအောင်ခန့်က RFA ပြောပါတယ်။
2019-04-06
ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့တဲ့အခါမှာ မသမာသူတွေလက်ထဲကို ထောက်ပံ့တဲ့ ပစ္စည်းတွေ မရောက်ရှိစေဖို့ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ ဌာနဆိုင်ရာတွေအနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ထောက်ပံ့တာတွေ မလုပ်ကြဖို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက မနေ့က အကြောင်းကြားစာ ထုတ်ပြန်လိုက်ပါတယ်။
2019-04-05
တပ်သိမ်းမြေတွေ ဥပဒေအတိုင်းပြန်လည်ရရှိရေးနဲ့တပ်သိမ်းမြေဆိုပြီး တောင်သူတွေရဲ့ မြေယာတွေကို အကွက်ရိုက် ရောင်းစားနေတာတွေကို ဥပဒေအတိုင်းဆောင်ရွက်ပေးဖို့ နစ်နာသူ တောင်သူတွေနဲ့ မိသားစုဝင် ၂၀၀ ခန့်က ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဒီကနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2019-04-05
လက်ရှိ အဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ ဆောင်ရွက်နေတဲ့ကိစ္စတချို့ကို အားမရတာကြောင့် ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့နဲ့ တိုင်းရင်းသားနိုင်ငံရေး ခေါင်းဆောင်တချို့ ဦးဆောင်ပါဝင်တဲ့ ပါတီကို လာမယ့် အပတ်အတွင်း ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်သွားမယ်လို့ ပါတီတည်ထောင်မယ့် ခေါင်းဆောင်တွေက ပြောပါတယ်။
2019-04-05
NLD ပါတီကို ဦးဆောင်တည်ထောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခဲ့တာ လာမယ့် ဧပြီလ ၂၁ ရက်နေ့ဆိုရင် ငါးနှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။
2019-04-05
လက်နက်ကိုင် ပြဿနာသာမက တခြားကိစ္စတွေနဲ့ပါ ရှုပ်ထွေးလှတဲ့ ရှမ်းပြည်နယ်ထဲမှာ NLD အစိုးရရဲ့ သုံးနှစ်တာ ဆောင်ရွက်ချက်အပေါ် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေ၊ လက်နက်ကိုင်အဖွဲ့တွေက ဘယ်လို ရှုမြင် သုံးသပ်ကြပါသလဲ။
2019-04-05
ရခိုင်ပြည်နယ်က တိုက်ပွဲတွေသတင်းရေးတဲ့အခါ ရခိုင့်တပ်မတော် AA ကို "သောင်းကျန်းသူ" လို့ မသုံးဖို့ အခုရက်ပိုင်းအတွင်း သတင်းမီဒီယာတချို့ကို လူမှုကွန်ရက်နဲ့ အီးမေးလ်တွေကတဆင့် ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။