သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-11
ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်ဖို့ စီမံကိန်းချပြီး ကြိုးစား ဆောင် ရွက်နေတာတွေရှိပေမယ့် အခက်အခဲအများအပြား လည်း ရင်ဆိုင်နေရပါတယ်။
2017-10-11
ARSA မွတ်စလင် အကြမ်းဖက်အဖွဲ့က တဖက် သတ်ကြေညာထားတဲ့ တစ်လ အပစ်ရပ် ကာလကျော်လွန်လာတဲ့နောက် အဲဒီအဖွဲ့ရဲ့ အကြမ်းဖက်လာနိုင်တဲ့ အလားအလာတွေ ၊ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2017-10-11
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ကျားချောင်းကျေးရွာအုပ်စုမှာရှိပြီး နှစ်ပေါင်းတစ်ရာလောက်ကပဲ မိဘဘိုးဘွားတွေ ဓားမဦးချနေထိုင်လာတဲ့ ချင်းကုန်းကျေးရွာက မြေဧက ၄၀ ကို နယ်မြေခံ မဟုတ်သူတစ်ယောက်နဲ့ ဌာနဆိုင်ရာပူးပေါင်းပြီး သိမ်းယူတဲ့ အမှုအခင်းဖြစ်ပွားနေပါတယ်။
2017-10-11
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ညက ဒေသခံရွာသားတွေနဲ့ ငှက်ပျောခြံလုပ်သားတွေ အပါအဝင် ခန့်မှန်းအယောက် ၅၀ ကျော်ကို ကေအိုင်အေတပ်ရင်း ၃ က တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီထဲက ဆိုင်လော်နဲ့ ကောင်ခမ်းရွာက ရှမ်းလူငယ် ၆ ယောက်ကို ကေအိုင်အေက အောက်တိုဘာလ ၆ရက်နေ့ညမှာ ပြန်လွှတ်ခဲ့ပါတယ်။
2017-10-11
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတဲ့ ၂ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ အပါအဝင် NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြားမယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောပါတယ်။
2017-10-11
ရိုမင်ကက်သလစ် ခရစ်ယန်ဘာသာဝင်တွေရဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း မြန်မာစစ်တပ် ခေါင်းဆောင်တွေ၊ မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ တွေ့ဆုံမှာဖြစ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။
2017-10-10
မြန်မာနိုင်ငံက ထွက်ပြေးရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေကို ပြန်ပို့ရေးအစီအစဉ်သစ်နဲ့ ပတ်သက် လို့ မြန်မာအစိုးရထံက တုန့်ပြန်ချက်ရဖို့ စောင့်မျှော်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမွတ်အလီက ပြောကြားလိုက်ပါတယ်။
2017-10-10
ARSA မွတ်စလင် အကြမ်းဖက်အဖွဲ့နဲ့ပတ်သက်ပြီး သူတို့နဲ့ဆက်နွယ်မှုတွေကို ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ပြောကြားလိုက်ပါတယ်။
2017-10-10
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တပ်သားသစ်အဖြစ် ကေအိုင်အေ ဖမ်းခေါ်သွားသူ ၅၀ကျော်ကို ပြန်လွှတ်ပေးစေလိုတယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ စိုင်းစန်းဝေ က ပြောပါတယ်။
2017-10-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲတွေကို တိုင်းနဲ့ပြည်နယ်အတော်များများမှာ ဒီနေ့ တပြိုင်တည်းကျင်းပကြပါတယ်။
2017-10-10
မွန်ပြည်နယ်မှာရှိတဲ့ ရာဘာစက်ရုံတွေနဲ့ သစ်ပါးလွှာစက်ရုံတွေအနေနဲ့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာကို ဒီလကုန်နောက်ဆုံးထားရေးဆွဲတင်ပြဖို့ ပြည်နယ်အစိုးရက ဒီနေ့ ညွှန်ကြားလိုက်ပါတယ်။
2017-10-10
မန္တလေးမြို့ အထင်ကရနေရာတွေဖြစ်တဲ့ ကျုံးပတ်လည်နဲ့ မန္တလေးမြို့အဝင် တံခွန်တိုင်အဝိုင်းမှာ ဝိုင်းဖွဲ့အရက်သောက်နေသူတွေကို ပြီးခဲ့တဲ့အောက်တိုဘာလ ၇ ရက်နေ့ကစပြီး အထူးစီမံချက်နဲ့ အမှုဖွင့်အရေးယူရာမှာ သုံးရက်အတွင်း ၁၈၇ မှု ရှိခဲ့တယ်လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။
2017-10-10
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်အလယ်ရွာထိပ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ကြေးနီသယ်တဲ့ယာဉ် ၄ စီးကို ဒေသခံတွေက မနေ့ညက တားဆီးလိုက်ပြီး အဲဒီနေရာမှာ သပိတ်စခန်းဖွင့်ထားတယ်လို့ သိရပါတယ်။
2017-10-10
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအို၊ တရုတ်၊ အိန္ဒိယ စတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေ ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်နဲ့ မောင်တောဒေသကို ဒီနေ့ သွားရောက်ခဲ့ပါတယ်။
2017-10-10
ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်တဲ့စာရွက်တွေ ဖြန့်ဝေခဲ့တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်က ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ ရာအိမ်မှူး ၅ ယောက် စုစုပေါင်း ၆ ယောက်ကို တာဝန်ကနေ ရပ်စဲလိုက်တယ်လို့ အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးမင်းက ပြောပါတယ်။