သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-01-06
မြန်မာ အစိုးရအနေနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်တဲ့နေရာမှာ ပြုပြင် ပြောင်းလဲမှုတွေကို သြဇာကြီးမားတဲ့ တပ်မတော်က လက်ခံမှသာလျှင် အောင်မြင်မှုရရှိမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အေပီ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ သတိပေးပြောကြား လိုက်ပါတယ်။
2012-01-06
နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးမချင်း အရေးယူပိတ်ဆို့တာတွေ ရုပ်သိမ်းမှာမဟုတ်ဘူးလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က မြန်မာ အာဏာပိုင်တွေကို ဒီနေ့ သတိပေး လိုက်ပါတယ်။
2012-01-05
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးကို မိမိ အလေးပေး ဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
2012-01-05
မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းဝင် အမေရိကန် လုပ်ငန်းရှင်ကြီး မစ္စတာ ဂျော့ ဆိုးရော့စ်က မြန်မာနိုင်ငံမှာ ကူညီထောက်ပံ့ံရေး လုပ်ငန်းတွေ တရားဝင် အခြေစိုက် ထူထောင်ဆောင်ရွက်ဖို့ သဘောတူလိုက်ပြီ ဖြစ်ကြောင်း ပြောဆိုပါတယ်။
2012-01-05
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီကို တရားဝင်ပါတီ အဖြစ် အသိအမှတ်ပြုတဲ့ အနေနဲ့ ဒီကနေ့ မှတ်ပုံတင် ချပေးလိုက်ပါတယ်။
2012-01-05
နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ မြန်မာနိုင်ငံ သမိုင်းဝင် ခရီးစဉ်အစမှာပဲ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague က မြန်မာ ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။
2012-01-04
အကျဉ်းသားတွေကို ထောင်ဒဏ်လျှော့ပေးတဲ့ မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် စိတ်ပျက်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အင်္ဂါနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland က ပြောကြားလိုက်ပါတယ်။
2012-01-04
လွတ်ငြိမ်းချမ်းသာခွင့်အမိန့်မှာ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခြင်းမရှိတာဟာ နိုင်ငံရေး အကျဉ်းသားကိစ္စကို မြန်မာအစိုးရက အလေးအနက် မထားဘူးဆိုတာ ပြသရာရောက်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။
2012-01-04
ဦးသိန်းစိန် အစိုးရ ဇန်နဝါရီ ၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို အတိုက်အခံ အဖွဲ့အစည်း အသီးသီးက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြပါတယ်။
2012-01-04
နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝင်းတင်က အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ကြောင့် ပြည်သူတွေ ရင်ထဲမှာ အကျိတ်အခဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။
2012-01-04
မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီးတွေရဲ့ ယုံကြည်ချက် အတိုင်း မြန်မာ ပြည်သူတွေဟာ လွတ်လပ်ခွင့်နဲ့ ထိုက်တန်တယ် ဆိုတာ ပြသဖို့ ဒီကနေ့ ကျရောက်တဲ့ ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိန့်ခွန်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။
2012-01-03
ကချင်လွတ်မြောက်ရေးတပ် (KIA) ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်တဲ့ ဒေါက်တာတူးဂျာက ဧပြီလ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအနေနဲ့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မဲဆန္ဒနယ်မြေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အာရ်အက်ဖ်အေကို ပြောပါတယ်။
2012-01-03
၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တင်ပြထားတဲ့ ပါတီအလံနဲ့ သင်္ကေတတို့ဟာ မိမိတို့ပါတီအလံ၊ သင်္ကေတတွေနဲ့ ဆင်တူယိုးမှား ဖြစ်နေကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌထံ ဒီဇင်ဘာ ၂၈ ရက်က ကန့်ကွက်စာ ပေးပို့ခဲ့တယ်လို့သိရပါတယ်။
2012-01-03
အစိုးရထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ ဒီကနေ့ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော် ရှိတယ်လို့ ပြည်တွင်းသတင်းဌာနတွေက ထုတ်ပြန်ပြောဆိုပါတယ်။
2012-01-03
မြန်မာအစိုးရတပ်ဖွဲ့တွေက လာမယ့်ပွင့်လင်းရာသီမှာ ကချင်လွတ်မြောက်ရေးတပ်ဖွ့ဲ ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို သိမ်းပိုက်ဖို့ လျှို့ဝှက်စီမံချက် ရှိတယ်ဆိုတဲ့ သတင်း ဒီရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့ပါတယ်။