သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-11
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာရှိနေ တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ နဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေဟာ အခုရက်ပိုင်းအတွင်း သိသိ သာသာ ဆိုးရွားလာနေတာကြောင့် အာဏာပိုင်တွေအနေနဲ့ အလေး ထားဆောင်ရွက်ပေးဖို့ AAPP နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2015-06-11
သံလွင်မြစ်ရေကို တူးမြောင်းနဲ့ လှိုဏ်ခေါင်း ၆ခု ဖောက်လုပ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း နဲ့ အရှေ့ပိုင်းက ရေရှားပါးတဲ့ဒေသတွေကို လွှဲပြောင်းပေးဖို့တိုက်တွန်းတဲ့အဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၀၀ ကျော်က ကန့်ကွက်တဲ့အတွက် ရှုံးနိမ့် သွားပါတယ်။
2015-06-11
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ ပါအချက်တွေကို အကောင် အထည်ဖော်ရေးကော်မတီက ၈၀ ရာခိုင်နှုန်းကျော် ဆောင် ရွက်ပြီးစီးပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ထံ ဒီနေ့အပြီးသတ်အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။
2015-06-11
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စက်ခလုတ်နှိပ်မဲပေးရာမှာ တခြား ကိုယ်စားလှယ်တွေအတွက်ပါ မဲပေး တာတွေမပြုလုပ်ကြဖို့ ပြည်ထောင်စုလွှတ်တော်ရုံးက ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။
2015-06-11
ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA က အစိုးရ တပ်မတော်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို တစ်ဖက်သတ် စစ်ရပ်စဲလိုက်ကြောင်း ကြေညာချက်ထုတ်လိုက်ပါတယ်။
2015-06-11
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးအပေါ် လေးစား သမှုရှိကြဖို့ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေ ကို တိုက်တွန်းထားတဲ့ တရုတ်ပြည်အနေနဲ့ မြန် မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေ ပိုင်နက် စိုးမိုးမှုအပေါ် အားပေးထောက်ခံနေတာဖြစ်ကြောင်း လည်း တရုတ်သမ္မတ ရှီကျင့်ဖျင် က ဒေါ်အောင်ဆန်း စုကြည်ကို ပြောကြားခဲ့ကြောင်း တရုတ်အစိုးရ အာဘော် ဆင်ဝှာသတင်းက ဖေါ်ပြပါတယ်။
2015-06-11
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃ဝဝ နီးပါးက လက်မှတ်ရေးထိုး တောင်းဆိုခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့မူကြမ်းမှာ အရေးကြီး တဲ့ ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၅၉ (စ) နဲ့ ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်ထားပြီး ပြည်ထောင်စုလွှတ်တော်မှာ တင်ပြထားပါတယ်။
2015-06-11
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း အကောင်အထည်ဖော်ရေး ကော်မတီက ၈ဝ ရာ ခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးကြောင်း ပြည်ထောင် စုလွှတ်တော်ထံ ဒီနေ့ အစီရင်ခံစာ တင်သွင်းလိုက် ပါတယ်။
2015-06-11
ဒီနေ့ဆိုရင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် ဆန္ဒပြသပိတ်မှောက် ဆန္ဒပြခဲ့ တဲ့ ကျောင်းသားတွေကို လက်ပံတန်းမှာ အကြမ်း ဖက်ဖြိုခွဲခဲ့တာ ၃ လတင်းတင်းပြည့်ပြီ ဖြစ်ပါတယ်။ ဒီ ၃ လအတွင်း ကျောင်းသားတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ဆောင်ရွက်မှုတွေဟာ အနှုတ် လက္ခဏာ ပြနေတယ်လို့ သုံးသပ်မှုတွေရှိနေ ပါတယ်။
2015-06-11
NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို ဒီကနေ့ ထွက်ခွာသွားပြီဖြစ်ပါတယ်။
2015-06-11
သံလွင်မြစ်ထဲကရေကို မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေကို တူးမြောင်းတွေ တည်ဆောက်ပြီး လွဲှပြောင်းပေးဖို့ တိုက်တွန်းတဲ့အဆိုကို အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၈ ဦးက ဒီနေ့ ဆွေးနွေးရာ တိုင်းရင်းသား ကိုယ်စားလှယ်တွေက ကန့်ကွက်လိုက်ကြပါတယ်။
2015-06-11
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နဲ့ တောင်ကြီးမြို့တို့ကို ဇွန်လ ၉ ရက်နေ့ကနေ ၁ဝ ရက်နေ့အထိ ၂ ရက်ကြာသွားရောက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေအပြင် ဒေသခံတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
2015-06-11
သမ္မတဦးသိန်းစိန်ဟာ ရှမ်းပြည်နယ် တောင်ကြီး မြို့မှာ အစိုးရဝန်ထမ်းတွေ ဒေသခံတွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ၂ဝ၁၅ ရွေးကောက်ပွဲ ကို ပြည်သူအားလုံးက ဝိုင်းဝန်းကူညီဖို့ တိုက်တွန်း ခဲ့ပါတယ်။
2015-06-11
သံလွင်မြစ်ထဲကရေကို မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အရှေ့တောင် ပိုင်းဒေသတွေကို တူးမြောင်းတွေ တည်ဆောက်ပြီး လွဲှပြောင်းပေးဖို့ တိုက်တွန်းတဲ့အဆိုကို အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၈ ဦးက ဒီနေ့ ဆွေးနွေးရာမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေက ကန့်ကွက်လိုက်ကြပါတယ်။
2015-06-10
မန္တလေးတိုင်း အမရပူရ မြို့နယ်အတွင်းက တောင်အင်းမြောက်အင်းကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လေလံပေးလိုက်တာကြောင့် အင်းကိုမှီခိုနေတဲ့ ဒေသခံတံငါသည်တွေ အလုပ်လုပ်ခွင့်မရတော့ပဲ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရပါတယ်။