သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-05
သတင်းမှားတွေနဲ့ အမုန်းစကားတွေ ဖြန့်ဝေတာ၊ အကြမ်းဖက်မှုလှုံ့ဆော်တာတွေပါတဲ့ စာမျက်နှာတွေကို Facebook က ဖယ်ရှားနေပါတယ်။
2019-02-05
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တပ်မတော်သားတွေကို အထူးအခွင့်အရေးပေးထားသလို ဖြစ်နေကြောင်း ကျားခေါင်းပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဦးခမ်းရဲ့ ဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ဖို့ ပြည်ထောင်စုလွှတ်တော်နာယက က ဆုံးဖြတ်လိုက်ပါတယ်။
2019-02-05
တရုတ်-မြန်မာချစ်ကြည်ရေးအတွက် တရုတ်-မြန်မာစီးပွားရေး စြင်္ကန်လမ်းတည်ဆောက်ရေး အစီအစဉ်အားလုံးမှာ မြန်မာပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းလိုက်ပါတယ်။
2019-02-05
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ် ထောက်ခံဆန္ဒထုတ်ဖော်သူတွေထဲက ခေါင်းဆောင် အပါအဝင် ၅ ယောက်ကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ နဲ့ လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်ပါတယ်။
2019-02-05
ပြည်ထောင်စုလွှတ်တော် ဥပဒေပြုရေးနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ဟာ ပါတီတည်ထောင် ခွင့်ရဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ဒီနေ့ လျှောက်ထားလိုက်ပါတယ်။
2019-02-05
မြစ်ဆုံစီမံကိန်းကို လူထုဆန္ဒသဘောထားနဲ့ ဆန့်ကျင်ပြီး မလုပ်ဖို့ ဘာသာရေးခေါင်းဆောင်တွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို ဒီနေ့ တင်ပြလိုက်ပါတယ်။
2019-02-04
မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းခံခဲ့ရတဲ့ ကိုအောင်အောင်သက် သေဆုံးမှုနဲ့ ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်စေချင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2019-02-04
မြန်မာနိုင်ငံကနေ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံခဲ့ကြရတဲ့ မိဘမဲ့ကလေးတွေထဲက ၄၆ ယောက်ကို ဒီကနေ့ ထိုင်းအစိုးရက ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့ နိုင်ငံသားမှတ်ပုံတင်တွေကို ပထမဆုံးအကြိမ် ထုတ်ပေးလိုက်ပါတယ်။
2019-02-04
■ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ စတင်ချိန်မှာ စိန်ခေါ်မှု အခက်အခဲတွေ ရှိနေတယ်လို့ မြန်မာ့အရေးလေ့လာသူ ဆောင်းပါးရှင် Larry Jagan က ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားလိုက်ပါတယ်။
2019-02-04
လက်ရှိ အာဏာရ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တင်သွင်းတဲ့ အဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်သွားပါတယ်။
2019-02-04
ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာကနေ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို ထွက်ပြေးတိမ်းရှောင်လာသူ ၂၄ ဦး အပါအဝင် သူတို့ကို တည်းခိုခွင့်ပြုခဲ့သူ ကျောက်တော်ဒေသခံ ၂ ဦး ကို ဒီနေ့ မနက်ပိုင်းက ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2019-02-04
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကနေ နေရပ်စွန့်ခွာလာတဲ့ အထောက်အထားမဲ့ မွတ်ဆလင် ၁၀ ဦး အပါအဝင် ၁၂ ဦးကို ဒီနေ့ မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် ပုသိမ်မုံရွာ လမ်းမကြီးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မင်းတုန်းမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2019-02-04
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) ဟာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ချုပ်ဆိုထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်စာချုပ်ကို ချိုးဖောက်ခဲ့တာကြောင့် အရေးယူသွားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။
2019-02-04
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့ အရေးကြီးအဆိုကို မနက်ဖြန် ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ၄၀ နီးပါး ပါဝင်ဆွေးနွေးမယ် လို့ လွှတ်တော်အစည်းအဝေး အစီအစဉ်လျာထားချက်အရ သိရပါတယ်။
2019-02-04
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်မယ်လို့ ပြောဆိုခဲ့တဲ့ NLD အစိုးရလက်ထက်မှာ ညွှန်ကြားရေးမှူးချုပ်တစ်ဦးအပါအဝင် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတချို့နဲ့ ဥပဒေဝန်ထမ်းတချို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အရေးယူဆောင်ရွက်နေတာတွေရှိပေမယ့် အဂတိရှိတယ်လို့ ကျော်ဇောသတင်းတွေ ထွက်နေတဲ့ NLD ပါတီဝင် အစိုးရအဖွဲ့ဝင်တချို့နဲ့ ဥပဒေပြုရေးကဏ္ဍက လူပုဂ္ဂိုလ်တွေကိုတော့ အရေးယူတာ မတေ့ွရဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။