နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကို အရေးယူမည်


2019.02.04
nscn-k-weapons-622.jpg နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တကားကျေးရွာအနီးတစ်ဝိုက် NSCN(K) စခန်းအနီးက အာသံနဲ့ ကသည်းလက်နက် ကိုင်သောင်းကျန်းသူများရဲ့ လက်နက်တွေကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) ဟာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ချုပ်ဆိုထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်စာချုပ်ကို ချိုးဖောက်ခဲ့တာကြောင့် အရေးယူသွားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။

NSCN-K ဌာနချုပ်နယ်မြေအတွင်းမှာရှိတဲ့ အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အာသံနဲ့ ကသည်းတပ်ဖွဲ့တွေရဲ့ စခန်းတွေနဲ့ သင်တန်းကျောင်းတွေကို သိမ်းပိုက်လိုက်တယ်ဆိုတဲ့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တကားကျေးရွာ အနီးတဝိုက်က နာဂအမျိုးသား ဆိုရှယ် လစ်ကောင်စီ (NSCN-K) စခန်းအနီးမှာ အာသံနဲ့ ကသည်းတပ်ဖွဲ့ဝင်တွေဟာ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ အဖွဲ့ယောင်ဆောင်ကာ စစ်သင်တန်းတွေ ဖွင့်လှစ်ထားတဲ့ မသင်္ကာစရာ အထောက်အထားတွေရှိတာကြောင့် တပ်မတော်က သွားရောက်ရှင်းလင်းတာလို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဆန့်ကျင်တဲ့ ဘယ်လက်နက်ကိုင်အဖွဲ့ကိုမဆို အခြေချခွင့်မပြုကြောင်း၊ လက်မခံကြောင်း စတဲ့မူဝါဒတွေနဲ့ အညီ အခုလိုရှင်းလင်းတာလို့ ဖော်ပြထားပါတယ်။

နာဂတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NSCN-K ကတော့ သူတို့ဌာနချုပ်နယ်မြေမှာ အစိုးရတပ်မတော်က ဝင်ရောက်နေရာယူ တပ်စွဲထားတာကို ရုပ်သိမ်းပေးဖို့ NSCN-K က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ မေတ္တာရပ်ခံစာ ပေးပို့ထားတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။