ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့အဆိုကို ကိုယ်စားလှယ် ၄၀ နီးပါး ဆွေးနွေးမည်


2019.02.04
pyitaungsu-hluttaw-622 ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပစဉ်
Photo: Myanmar Union Parliament - facebook

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့ အရေးကြီးအဆိုကို မနက်ဖြန် ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ၄၀ နီးပါး ပါဝင်ဆွေးနွေးမယ်လို့ လွှတ်တော်အစည်းအဝေး အစီအစဉ်လျာထားချက်အရ သိရပါတယ်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကတော့ ဒီအဆိုဟာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး ပါဝင်ဆွေးနွေးမှာမဟုတ်ကြောင်း ပြောကြားထားပါတယ်။

အစီအစဉ် လျာထားချက်အရ ပါဝင်ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေထဲမှာ ဒုတိယ သမ္မတဟောင်း ဦးဉာဏ်ထွန်း၊ သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိမ်း၊ ဝန်ကြီးဟောင်း ဦးမောင်မြင့်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်း စတဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် စတဲ့ ပါတီတွေက ကိုယ်စားလှယ်တွေလည်း ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်။

အရေးကြီးအဆိုကို တင်သွင်းခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ ပူးပေါင်းကော်မတီဖွဲ့စည်းပြီး အဲဒီကော်မတီမှာ ပါတီပေါင်းစုံ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်နိုင်ဖို့ဆိုပြီး တင်သွင်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။