သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-11
အမေရိကန်နိုင်ငံ အခြေစိုက် East-West Center က ဦးဆောင်ပြီး ရန်ကုန်မြို့ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) မှာ နိုင်ငံတကာ သတင်းမီဒီယာ ညီလာခံကို ဒီကနေ့ စတင်ကျင်းပနေပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-03-11
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ နှောင့်နှေးနေမယ် ဆိုရင် မြန်မာနိုင်ငံမှာ ရေရှားပါးမှုဒဏ်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူတွေက သတိပေးလိုက်ပါတယ်။
2014-03-11
ဟောင်ကောင် အထည်ချုပ်လုပ်ငန်း စက်မှုဇုန် ရန်ကုန်မှာ တည်ဆောက်တော့ မှာ ဖြစ်ပါတယ်။
2014-03-10
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ၄ က Myanmar Unique အထည်ချုပ်စက်ရုံမှာ လစာအပြင် အချိန်ပိုကြေးနဲ့ အထည်ချုပ်ခတွေပေးဖို့ အလုပ်သမား ၂၀၀ နီးပါးလောက်ဟာ ဒီနေ့ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုကြ ပါတယ်။
2014-03-10
ရခိုင်ပြည်နယ်မှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတစ်ခုဖြစ် တဲ့ ကျောက်ဖြူစက်မှုဇုန်နဲ့ မီးရထား လမ်း ဖောက်လုပ်နေတဲ့လုပ်ငန်းတွေဟာ တရုတ်နိုင်ငံရဲ့ အကျိုးအမြတ်အတွက် ဦးစားပေး လုပ်ဆောင်နေတာဖြစ် ပြီး မြန်မာနိုင်ငံအတွက် အကျိုးစီးပွား တိုက်ရိုက်မရှိကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF က ဒီနေ့ ကြေ ညာချက် ထုတ်ပြန်လိုက်ပါတယ်။
2014-03-10
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာနဲ့ ကံကြီးကုန်းကျေးရွာက လယ်ယာမြေပြဿနာ ဖြေရှင်းပေးဖို့ ဆန္ဒပြခဲ့ကြတဲ့ တောင်သူ သုံးဦးကို ရွှေဘိုခရိုင်တရားရုံးက ဒီနေ့ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။
2014-03-10
လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် မှသာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့ ပြောပါတယ်။
2014-03-10
နိုင်ငံပိုင်မီဒီယာတွေနဲ့ စာနယ်ဇင်းလော ကက မီဒီယာဝန်ထမ်းတွေအားလုံး အရည်အသွေးမြှင့်တင်ဖို့ လိုအပ်သလို အစိုးရအနေနဲ့ နိုင်ငံပိုင်မီဒီယာတွေကို အများပြည်သူကို တကယ်ဝန်ဆောင်မှုပေးနိုင်တဲ့ မီဒီယာတွေအဖြစ် ပြောင်း လဲဖို့ လိုအပ်နေတယ်လို့ နိုင်ငံတော်သမ္မတ ပြောရေးဆို ခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-03-10
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲဟာ ဒီနေ့ ပြီးဆုံး သွားပါတယ်။
2014-03-09
EU ဥရောပသမဂ္ဂ ခရီးသွားနဲ့ ကုန်သွယ်ရေးကောင်စီရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးသွားလည်ပတ်ဖို့နေရာဆု မြန်မာနိုင်ငံကို ချီးမြှင့်မယ်လို့ သိရပါတယ်။
2014-03-09
၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်ဟာ သင့်တော်တဲ့အချိန် မဟုတ်သေးတဲ့အပြင် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ သဘောထားကို ဥပေက္ခာပြုထားကြောင်း ကချင် အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၉ ဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2014-03-09
မြန်မာသတင်း မီဒီယာလောကဟာ ပြီးပြည့်စုံတဲ့ လွတ်လပ်မှု မရှိသေးကြောင်း၊ သတင်းမီဒီယာသမားတွေအနေနဲ့ မိမိတို့ရေးသားဖေါ်ပြ ချက်တွေအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ လိုအပ်နေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ နိုင်ငံတကာ မီဒီယာညီလာခံနဲ့ စုဖေါင်ဒေးရှင်း ဖွင့်လှစ်ပွဲ အခမ်းအနားမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2014-03-09
ဆရာတော် ဦးဝီရသူအကြောင်း မျက်နှာဖုံးဆောင်းပါးရေးခဲ့တဲ့ တိုင်းမ်မဂ္ဂဇင်း သတင်းထောက် မစ္စ ဟန်နာဘိချ်က ရန်ကုန်မှာ မတ်လ ၁၀ ရက် မှ ၁၂ ရက်နေ့အထိ ကျင်းပမယ့် East- West Center ရဲ့ နိုင်ငံတကာကွန်ဖရင့်ကို တက်ရောက်ခွင့်အတွက် ပြည် ဝင်ခွင့်ဗီဇာထောက်ခံပေး ဖို့ လျှောက်ထားတာကို ပြန် ကြားရေးဝန်ကြီးဌာနက ပယ်ချလိုက်ပါတယ်။
2014-03-09
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ပူးတွဲလုပ်ငန်းကော် မတီတစ်ရပ် ဖွဲ့စည်းသွားဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ဒီနေ့ သဘောတူညီလိုက်ကြ ပါတယ်။
2014-03-09
စက်ရုံတွေမှာ လုပ်ခလစာတိုးပေးဖို့ တောင်းဆိုကြတဲ့ အလုပ်သမား တော်တော်များများ အလုပ်ထုတ်ခံရတာတွေ ရပ်တန့်ပေးဖို့နဲ့ ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ကို ပြင်ဆင်ပေးဖို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်(ယာယီ)က ဦးဆောင်ပြီး ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမအနီးမှာ ဆန္ဒပြတောင်းဆိုကြပါတယ်။