အထည်ချုပ်စက်ရုံ လုပ်သားများ အခငွေ တိုးပေးဖို့ ဆန္ဒပြ
2014.03.10

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၄ က Myanmar Unique အထည်ချုပ်စက်ရုံမှာ လစာအပြင် အချိန်ပိုကြေးနဲ့ အထည်ချုပ်ခတွေပေးဖို့ အလုပ်သမား ၂၀၀ နီးပါးလောက်ဟာ ဒီနေ့ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
အလုပ်ခန့်စဉ်က တစ်လ ကျပ် ၉ သောင်းအပြင် အချိန်ပိုကြေးနဲ့ အထည်ချုပ်ခတွေပါပေးမယ် လို့ ပြောထားပြီး အလုပ်ရှင်ဖက်က ပျက်ကွက် တာကြောင့် အခုလို ဆန္ဒပြကြတာလို့ အလုပ်သမတစ်ဦးဖြစ်သူ မချိုက ပြောပါတယ်။
ဆန္ဒပြအလုပ်သမားတွေက လစာ၊ အချိန်ပိုကြေးနဲ့ အထည်ချုပ်ခအပြင် ရှားပါးစရိတ် ကျပ် နှစ်သောင်း ထပ်တိုးပေးဖိုနဲ့ ၆ လတစ်ကြိမ် ကျပ် ၅ ထောင် တိုးပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
Myanmar Unique အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၃၀၀ နီးပါးရှိပြီး အလုပ်သမား ၂၀၀ လောက်ဟာ ပြီးခဲ့တဲ့ ၂ရက်လောက်ကတည်းက စက်ရုံတွင်းမှာ ဆန္ဒပြခဲ့ကြပြီး ဒီနေ့ စက်ရုံရှေ့ထွက်ပြီး ဆက်လက်တောင်းဆိုနေတာပါ။