သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-13
မကွေးမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လေတပ်စခန်းထဲ ဗုံးပေါက်ကွဲမှုကြောင့် တိုက်လေယာဉ် ခြောက်စီး ထိခိုက်ခဲ့ပြီး အဲဒီအထဲက လေးစီးကတော့ သုံးလို့မရတော့အောင် ပျက်စီးသွားတယ်လို့ မကွေးမြို့က လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ဒီနေ့ ပြောပါတယ်။
2021-08-13
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ညောင်လှရွာမှာ ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံခုနစ်ဦးထဲမှာ မသန်းစွမ်းသူ အပါအဝင် အသက် မပြည့်သေးသူ သုံးဦးပါဝင်သလို သူတို့အားလုံးဟာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF) နဲ့လည်း ပတ်သက်မှု မရှိတာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက RFA ကို ဒီနေ့ပြောပါတယ်။
2021-08-13
ကမ္ဘာ့ဖလား ဘောလုံးခြေစစ်ပွဲအတွက် ပြီးခဲ့တဲ့ မေလက ဂျပန်နိုင်ငံကို ရောက်လာ တုန်း စစ်တပ်က အာဏာသိမ်းတာကို မကျေနပ်ကြောင်း လက်သုံးချောင်းထောင်ပြီး ဆန္ဒပြခဲ့တဲ့ အရန်ဂိုးသမား ပြည့်လျှံအောင်ကို ဂျပန်နိုင်ငံက ခိုလှုံခွင့် ပေးတော့မယ် လို့ AFP သတင်းမှာ ဒီကနေ့ဖော်ပြထားပါတယ်။
2021-08-13
မန္တလေး၊ အိုးဘိုထောင်ထဲမှာ ရှစ်လေးလုံး ၃၃ နှစ်ပြည့် လှုပ်ရှားမှုအဖြစ် ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ည ၉ နာရီလောက်က ဆန္ဒပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ထဲက ၃၈ ဦးဟာ တိုက်ပိတ်ခံထားရတယ်လို့ အကျဉ်းထောင် ဝန်ထမ်းအသိုင်းအဝိုင်း ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
2021-08-13
ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေကို စစ်တပ်က အသွားအလာ ကန့်သတ်လိုက်ပါတယ်။
2021-08-13
ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင် နှစ်လအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ တိုင်းရင်းသား လက်နက် ကိုင်တွေ၊ ဒေသခံအရပ်သားတွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲနဲ့ ပဋိပက္ခ ဖြစ်စဥ်ပေါင်း ၇၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ထောင်ကျော်နဲ့ အရပ်သားတွေဘက်က ၃၅၀ ကျော် သေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဋ္ဌာနက သြဂုတ် ၉ ရက် နဲ့ ၁၀ ရက်နေ့တွေမှာ သတင်းထုတ်ပြန်လိုက် ပါတယ်။
2021-08-13
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ သြဂုတ်လ ၁၂ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ကလေးကာကွယ်ရေး တပ်ဖွဲ့ (PDF) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က ငါးဦး သေဆုံးခဲ့တယ်လို့ PDF အဖွဲ့က ပြောပါတယ်။
2021-08-13
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်စန်းဟာ ဩဂုတ်လ ၁၁ ရက်နေ့ညက ခေတ္တရှောင်တိမ်းနေတဲ့ ပဲခူးတိုင်း၊ နတ်တလင်းမြို့က ဘူတာရပ်ကွက်နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေါ်မြင့်စန်း နဲ့ နီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။
2021-08-12
ရခိုင်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ဝန်ကြီးဟောင်း လေးဦး အဂတိလိုက်စားမှုနဲ့ စစ်တွေ မြို့မရဲစခန်းမှာ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဒီနေ့ သြဂုတ်လ ၁၃ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ သတင်းစာတွေကနေ ထုတ်ပြန်ပါတယ်။
2021-08-12
KNU တွဲဖက်အထွေထွေအတွင်းရေးမှူးဟောင်း နဲ့ လက်ရှိ အမျိုးသားကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ပဒို မန်းမန်းက အာဏာသိမ်းစစ်အုပ်စုနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးမှုအပေါ် မျှော်လင့်ချက်ထားလို့ မရနိုင်ဘူးလို့ KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးရဲ့ ပြောကြားချက်ကို ကြိုဆိုလိုက်ပါတယ်။
2021-08-12
တရုတ်နိုင်ငံလုပ် covid-19 ကာကွယ်ဆေးကို အရေးပေါ်သုံးနိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇွန်လက ထောက်ခံချက် ပေးခဲ့ပါတယ်။ ဒါပေမဲ့ ခု ဖြစ်လာတဲ့ delta variant ကို ကာကွယ်နိုင်စွမ်းရှိ-မရှိ သံသယရှိတဲ့အတွက် ထိုင်းနဲ့ အင်ဒိုနီးရှားလို နိုင်ငံတွေဟာ အနောက်နိုင်ငံထုတ်ဆေးတွေ ပြောင်းသုံးနေတာပါ။
2021-08-12
မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီနဲ့ အပေါင်းအပါ စီးပွားဖက်တွေကို ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့ဖို့ အတွက် Burma Bill လို့ခေါ်တဲ့ ဥပဒေကြမ်းကို အမေရိကန်လွှတ်တော် နှစ်ရပ်လုံးမှာ တင်သွင်းဖို့ အမေရိကန် လွှတ်တော်အမတ်နှစ်ဦးက ကြိုးပမ်းနေပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်နိုင်ငံရောက် မြန်မာတွေအနေနဲ့ သက်ဆိုင်ရာ ပြည်နယ်ကိုယ်စားပြု အမတ်တွေကို ဆက်သွယ်ပြီး ဒီဥပဒေကြမ်းကို ထောက်ခံပေးရေး တောင်းဆိုကြဖို့ လှုံ့ဆော်နေကြပါတယ်။
2021-08-12
မြန်မာစစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း AP သတင်းတစ်ပုဒ်မှာ သြဂုတ်လ ၁၂ ရက်နေ့က ဖော်ပြထားပါတယ်။
2021-08-12
အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာ၊ ကဗျာဆရာကြီး ဦးအံ့မောင် ဒီနေ့ ၂ဝ၂၁ သြဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ မုံရွာနေအိမ်မှာ ကွယ်လွန်သွားပါတယ်။
2021-08-12
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့နယ်အတွင်းက လူဦးရေ လေးရာကျော်ရှိတဲ့ နေဝန်းနီဒုက္ခသည် စခန်းမှာ ကိုရိုနာရောဂါပိုးရှိသူတစ်ဦး တွေ့ရှိခဲ့ပြီး စခန်းမှာနေထိုင်သူ လူကြီးပိုင်း ရာနဲ့ချီပြီး ဖျားနာနေကြတယ်လို့ ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။