KNU ဥက္ကဋ္ဌပြောကြားချက် အတွင်းရေးမှူးဟောင်း ပဒိုမန်းမန်း ကြိုဆို

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2021.08.12

KNU တွဲဖက်အထွေထွေအတွင်းရေးမှူးဟောင်း နဲ့ လက်ရှိ အမျိုးသားကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ပဒို မန်းမန်းက အာဏာသိမ်းစစ်အုပ်စုနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးမှုအပေါ် မျှော်လင့်ချက်ထားလို့ မရနိုင်ဘူးလို့ KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးရဲ့ ပြောကြားချက်ကို ကြိုဆိုလိုက်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ NUG အစိုးရပူးပေါင်းဖွဲ့စည်းလိုက်တဲ့ သူတို့ အမျိုးသားကျန်းမာရေး ကော်မတီအနေနဲ့ ကိုဗစ်ကာကွယ်ဆေးကို ယူနီဆက်ဖ် လို နိုင်ငံတကာ အဖွဲ့အစည်းတွေထံက ရယူထိုးနှံရာမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပါဝင်ပတ်သက်မှုကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ပဒိုမန်းမန်း ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။