သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-16
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က စားသောက်ဆိုင်တစ်ဆိုင်မှာ မြန်မာ အမျိုးသမီး အလုပ်သမားတစ်ဦး လည်ပင်း မှာ ဓါးဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ရတယ်လို့ မလေးရှား ကလာတဲ့ သတင်းတစ်ပုဒ်မှာ ဖေါ်ပြထားပါတယ်။
2016-02-16
တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး တန်ဖိုးဟာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ရဲ့ ပထမ ၁ဝ လဖြစ်တဲ့ မနှစ်က ဧပြီလကနေ အခုနှစ် ဇန်နဝါရီလထိ အမေရိကန်ဒေါ်လာ သန်း ၉ ထောင့် ၄ ရာဖိုးရှိခဲ့တယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့ ထုတ်ပြန်လိုက်ပါတယ်။
2016-02-16
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ ဟိုတယ်တွေဟာ နိုင်ငံပိုင် ဟိုတယ်တွေဖြစ် တာကြောင့် နိုင်ငံရေးပါတီတွေကပြုလုပ်တဲ့ အစည်းအဝေးတွေကို ကျင်းပခွင့် မပြုကြောင်း နေပြည်တော်ကောင်စီက ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့စွဲနဲ့ ကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
2016-02-16
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကျောက်မဲ မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒေသ ခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် အဲဒီတိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့လူမှု ဒုက္ခတွေကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ တိုက် တွန်းကြောင်း အရေးကြီးအဆိုကို ကျောက်မဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင် က ပြည်သူ့ လွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့ပါတယ်။
2016-02-16
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ ပိုင်းမြို့နယ် စက်မှုဇုန်မှာရှိတဲ့ Myanmar Handsome အထည်ချုပ်စက်ရုံမှာ လုပ်သား အင်အားနဲ့ အထည်မှာယူမှု မညီမျှတာ ကြောင့် အလုပ်သမား ၇၀ ကို အလုပ်ကနေထုတ်ပယ် မှာဖြစ်ကြောင်း ကြေညာ ထားတယ်လို့ သိရပါတယ်။
2016-02-16
မြန်မာနိုင်ငံဒေသအချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း မီးလောင်ကျွမ်းမှုတွေဖြစ်ပေါ်ခဲ့ တာကြောင့် ရပ်ကွက်တွေအလိုက် တစ်အိမ် တက်ဆင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ကြဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြား ထားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တာဝန်ရှိသူတွေ က ပြောပါတယ်။
2016-02-16
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့နဲ့ တွေ့ဆုံစဉ် မေတ္တာရပ်ခံခဲ့ပါတယ်။
2016-02-16
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က မီးလောင် မှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသွားကြတဲ့ ရှမ်းပြည် နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်နဲ့ ဧရာဝတီ တိုင်းဒေသကြီး လပွတ္တာမြို့နယ်တွေက မီးဘေး ဒုက္ခသည်တွေအတွက် ကချင်ပြည်နယ်နဲ့ စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အားလုံးက တစ်ရက်စာနေ့တွက် စရိတ်ကို ဒီကနေ့ လှူဒါန်းလိုက် ပါတယ်။
2016-02-16
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုမှာ ဆန္ဒပြနေ တဲ့ ဒေသခံတွေကို ကျောက်တူးဖော်ရေး ကုမ္ပဏီတွေ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ကျောက်မျက် တူးဖော်ရေးဌာန တာဝန်ရှိသူတွေ ဒီနေ့ တွေ့ဆုံညှိနှိုင်းရာ မှာ ဒေသ ခံတွေဘက်က ဆန္ဒပြမှုတွေကို ရပ်ဆိုင်းပြီး ကုမ္ပဏီတွေက မြေစာစွန့်ပစ်တဲ့ ကားတွေ ဖြတ်သန်းသွား လာခြင်းမပြုဖို့ ယာယီသဘောတူလိုက်ကြပါတယ်။
2016-02-16
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း အကောင်အထည် ဖော်မယ့် လမ်း တံတားစီမံကိန်းတွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အသုံးစရိတ်တွေနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်း ၂ ခုကို ဒီနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် မှာ တင်သွင်းခဲ့ပါတယ်။
2016-02-16
ဒုတိယအကြိမ်လွှတ်တော်မှာ တက်ရောက်နေတဲ့ ကိုယ်စားလှယ်အသစ်တွေအတွက် လွှတ်တော်ဆိုင်ရာလုပ်ငန်းတွေ ရှင်းလင်းတင်ပြတဲ့ သင်တန်းကို ဒီနေ့ ပြည်ထောင်စုလွှတ်တော် သဘင်ခန်းမဆောင်မှာ စတင်ကျင်းခဲ့ပါတယ်။
2016-02-16
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့ ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ၃ ထောင်နီးပါးအတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ခေါင်းဆောင်တွေက သွားတိုက်ဆေး၊ ဆပ်ပြာ၊ မျက်နှာသုတ်ပုဝါ၊ ဆေးဝါး စတဲ့ အသုံးအဆောင်တွေနဲ့ အဝတ်အထည်တွေကို ဒီနေ့ သွားရောက် လှူဒါန်းခဲ့ပါတယ်။
2016-02-16
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာကျင်းပနေတဲ့ တိုင်းရင်းမီဒီယာ အဖွဲ့ BNI ရဲ့ ညီလာခံ ဒုတိယနေ့မှာ ရခိုင်ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိမ်းသိန်းနိုင်မှု ပျက်ကွက်နေ တဲ့ အကြောင်းနဲ့ စိန်ခေါ်မှုတွေအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။
2016-02-16
ဗိုလ်ချုပ်အောင်ဆန်း ၁ဝ၁ နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်နဲ့၊ မြန်မာနိုင်ငံကလေးများနေ့ကို ရန်ကုန် မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-02-16
ဒုတိယအကြိမ်လွှတ်တော် တက်ရောက်နေတဲ့ ကိုယ်စားလှယ်အသစ်တွေအတွက် လွှတ်တော်ဆိုင်ရာလုပ်ငန်းတွေ ရှင်းလင်းတင်ပြတဲ့ သင်တန်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဒီနေ့ ပြည်ထောင်စုလွှတ်တော် သဘင်ခန်းမဆောင်မှာ စတင်ကျင်းပခဲ့ပြီး၊ လွှတ်တော်နှစ်ရပ်ရဲ့ ဥက္ကဋ္ဌတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့က အဖွင့်မိန့်ခွန်း ပြောခဲ့ပါတယ်။