ရှမ်း စစ်ပြေးဒုက္ခသည်တွေကို ၈၈ အဖွဲ့သွားရောက်လှူဒါန်း
2016.02.16
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့ ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ၃ ထောင်နီးပါးအတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ခေါင်းဆောင်တွေက သွားတိုက်ဆေး၊ ဆပ်ပြာ၊ မျက်နှာသုတ်ပုဝါ၊ ဆေးဝါး စတဲ့ အသုံးအဆောင်တွေနဲ့ အဝတ်အထည်တွေကို ဒီနေ့ သွားရောက် လှူဒါန်းခဲ့ပါတယ်။
ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ကိုမင်းကိုနိုင်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။