တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းနဲ့ မေးမြန်းချက်
2016.02.16
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း အကောင်အထည် ဖော်မယ့် လမ်းတံတားစီမံကိန်းတွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အသုံးစရိတ်တွေနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်း ၂ ခုကို ဒီနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် မှာ တင်သွင်းခဲ့ပါတယ်။
အဲဒီ ဥပဒေကြမ်း ၂ ခုကို အတည်ပြုမယ့်အခြေအနေနဲ့ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိပ်ကြီးခနောင်တို မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။