သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-07-03
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ရန်ကုန်တိုင်း တောင်ဒဂုံမှာ ဖွင့်လှစ်ထားတဲ့ HIV-AIDS ဂေဟာကို လာရောက် အကူအညီ တောင်းခံတဲ့ HIV/AIDS ရောဂါဝေဒနာရှင်တွေ ပိုများလာနေကြောင်း သိရပါတယ်။
2011-07-03
ပုသိမ် ကန်ကြီးထောင့်မြို့နယ် ထိန်တောကြီးကျေးရွာ က လယ်သမားအရေး ဆောင်ရွက်သူ လယ်သမားကြီး ဦးထွန်းအေးကို ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်နေ့မှာ ရဲတွေက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေက ဒီကနေ့ ပြောပါတယ်။
2011-07-03
ဇူလိုင်လ ၃ ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ရဲ့ ၆ဝ နှစ်ပြည့်မွေးနေ့ အခမ်းအနားကို ရန်ကုန် ပြည်လမ်းက နေအိမ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2011-07-03
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေဆဲ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကို လွှတ်ပေးဖို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။
2011-07-03
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အစိုးရသစ်က NLD ကို ပို့ခဲ့တဲ့စာနဲ့ NLD က တုံ့ပြန်ခဲ့တဲ့ စာတွေကို မူတည်ပြီး လက်ရှိ မြန်မာ့နိုင်ငံရေးကို ဆွေးနွေးထားကြပါတယ်။
2011-07-03
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးစဉ် ထွက်တဲ့အခါမှာ သူ့ရဲ့ လုံခြုံရေးကို အစိုးရက အာမ,ခံပေးဖို့ လိုအပ်ကြောင်း သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Mr. Kevin Rudd က မနေ့က ပြောကြားလိုက်ပါတယ်။
2011-07-02
နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် ပြန်လွှတ်ပေးရေးကိစ္စဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးအတွက် အဓိကအရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်မယ့်အကြောင်း သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd က မြန်မာအစိုးရကို တိုက်ရိုက် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
2011-07-02
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံအပေါ် ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရ လိုက်နာရေးအတွက် သြစတြေလျ နိုင်ငံက ဝိုင်းဝန်းကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် က သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Mr. Kevin Rudd ကို ဒီကနေ့ ပန်ကြားလိုက်ပါတယ်။
2011-07-02
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd ဟာ သောကြာနေ့က နေပြည်တော်ကို သွားရောက်ပြီး သမ္မတဦးသိန်းစိန်နဲ့ရော ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2011-07-01
ဟင်္သာတမြို့ဗိုလ်ချုပ်လမ်း ဦးပါရယ် ဘုရားရှေ့ You and Me လဘက်ရည်ဆိုင်မှာ အလုပ်သမားအဖြစ် အလုပ် လုပ်ကိုင်နေရတဲ့ အသက် ၉ နှစ် အရွယ် မိဘမဲ့ ကလေးတဦးဟာ ဆိုင်ပိုင်ရှင်ရဲ့ အပြင်းအထန် ညှဉ်းပန်း နှိပ်စက်မှုကို ခံခဲ့ရတဲ့အတွက် ဟင်္သာမြို့ ဆေးရုံကြီးမှာ တင်ထားရကြောင်း စုံစမ်း သိရှိရပါတယ်။
2011-07-01
ပါတီတွေ အနေနဲ့ စာစောင် ထုတ်ဝေခြင်း မလုပ်ကြတာဟာ နိုင်ငံရေး တာဝန် မကျေမှု ဖြစ်တယ်ဆိုပြီး မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီ PDP က ဒီကနေ့ ကြေညာချက်ထုတ် ဝေဖန်လိုက်ပါတယ်။
2011-07-01
ပြည်သူ့လွတ်တော် ကိုယ်စားပြု ကော်မတီ CRPP အနေနဲ့ လူငယ် သွေးသစ်တွေကို ကော်မတီမှာ တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက NLD ပါတီ ဌာနချုပ်မှာ ပြုလုပ်တဲ့ CRPP အစည်းအဝေးမှာ အခုလို ဆုံးဖြတ်လိုက်တာပါ။
2011-07-01
ရှမ်းပြည်နယ် မြောက်ပိုင်း ရွှေလီ ရေအားလျှပ်စစ် စီမံကိန်းရဲ့ ဓါတ်အားပေး စက်ရုံခွဲ ဖြစ်ပြီး လားရှိုးမြို့နဲ့ မိုင်၃၀ လောက် အကွာမှာ ရှိတဲ့ မန်ဆန် ဓါတ်အားပေး စက်ရုံ မှာ ဇွန် ၂၉ ရက်နေ့ ည ၁၂ နာရီ လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သတင်း ရရှိပါတယ်။
2011-07-01
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး အစိုးရသစ်က ခြိမ်းခြောက်တဲ့ အသုံးအနှုန်းတွေနဲ့ ပြုမူ ပြောဆိုလာတာကို ဗြိတိန် အစိုးရ အနေနဲ့ အထူးတလည် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague က မနေ့က ပြောကြားလိုက် ပါတယ်။
2011-07-01
လာမယ့် သီတင်းပတ်အတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အထက်မြန်မာပြည် ဘုရားဖူးခရီးစဉ် ခရီးထွက်ဖို့ ရှိပါတယ်။