ရွှေလီရေအားလျှပ်စစ် စီမံကိန်း ဓါတ်အားပေး စက်ရုံခွဲ ဗုံးကွဲမှု ဖြစ်ပွား
2011.07.01
ဓါတ်အားပေး စက်ရုံရဲ့ ခြံစည်းရိုး အနီးမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် မပေါက်ကွဲသေးတဲ့ ဗုံး နှစ်လုံးကိုလည်း ဓါတ်အားပေး စက်ရုံထဲမှာ တွေ့ရှိခဲ့တယ်လို့ ရှမ်းပြည်နယ်မှာ တာဝန်ကျနေတဲ့ စွမ်းအင် ဝန်ကြီးဌာန ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အခု ပေါက်ကွဲမှု ဖြစ်ပွါးတဲ့ မန်ဆန် ဓါတ်အားပေး စက်ရုံဟာ မန်ဆန် ရွာထိပ်မှာရှိပြီး ဗုံးပေါက်ကွဲချိန်ကစလို့ လုံခြုံရေး ထူထူထပ်ထပ် ချထားတယ်လို့ သိရပါတယ်။
ရွှေလီ ရေအား လျှပ်စစ်စီမံကိန်း အမှတ် (၁) ကို ၂၀၀၀ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ စတင် လည်ပတ် ခဲ့ပါတယ်။ စတင် ဖွင့်လှစ်ချိန်က တရုတ်နိုင်ငံ ဘက်ကိုသာ ဓါတ်အား စတင် ဖြန့်ဖြူးပေးခဲ့တာပါ။ မြန်မာနိုင်ငံတွင်းကိုတော့ ၂၀၁၀ နှစ်ဆန်းပိုင်း ကျမှသာ ဖြန့်ဖြူးပေးခဲ့ ပါတယ်။
ရွှေလီ စီမံကိန်းက ရရှိလာမယ့် လျှပ်စစ် ဓါတ်အားကို နမ္မတူ သတ္ထုမိုင်း၊ မုံရွာ ကြေးနီမိုင်း၊ သပိတ်ကျင်း နီကယ်မိုင်း တို့ကို ပေးပို့မယ်လို့ စွမ်းအင် ဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်တွေ၊ အစီရင်ခံစာတွေမှာ ဖေါ်ပြခဲ့ဖူးပါတယ်။