သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-11
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရဲ့ လက်မှတ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းကို ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက အမြန်ဆုံး တင်သွင်းသွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ဒီနေ့ ပြောလိုက်ပါတယ်။
2019-02-10
မကြာခင် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုတော့မယ့် အလုပ်ရှင်-အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းမှာ အလုပ်သမားတွေရဲ့ ဆန္ဒသဘောထားတွေ ပါဝင်နိုင်ရေးအတွက် အလုပ်သမား နှစ်ထောင်ခန့်က ဒီနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2019-02-10
အလုပ်သမားတရားရုံး ပေါ်ပေါက်ဖို့၊ လွတ်လပ်တဲ့ အသင်းအပင်းဖွဲ့စည်းခွင့်ရှိဖို့၊ အလုပ်သမားသမဂ္ဂ အခန်းကဏ္ဍကို ဥပဒေမှာ ထည့်သွင်းပြဌာန်းပေးဖို့၊ အလုပ်သမားဥပဒေတွေကို ILO စံနှုန်းနဲ့အညီ ပြင်ဆင်ဖို့ ဆိုတဲ့ တောင်းဆိုချက်တွေကို လှိုင်သာယာစက်မှုဇုံမှာရှိတဲ့ အလုပ်သမားတွေအပါအဝင် အလုပ်သမားနှစ်ထောင်ခန့်က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2019-02-10
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် အဂတိလိုက်စားမှု ရှိ မရှိနဲ့ပတ်သက်ပြီး တိုင်ကြားသူတွေနဲ့ တိုင်စာပါ သက်ဆိုင်သူတွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
2019-02-10
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာမှာ လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့တဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးရဲ့ အသုဘအခမ်းအနားမှာ ဟောပြောခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2019-02-10
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲက KIA၊ TNLA၊ MNDAA နဲ့ AA အဖွဲ့တို့ လာမယ့် သီတင်းပတ်အတွင်း ပြည်တွင်းတစ်နေရာမှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ KIA အဖွဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်းအောင်က ဒီကနေ့ RFA ကို ပြောပါတယ်။
2019-02-10
မြန်မာနိုင်ငံက လူနည်းစုတွေကို ဖိနှိပ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ အဲဒီလုပ်ရပ်တွေကို မတားဆီးနိုင်တဲ့ အစိုးရအပေါ် တိကျပြတ်သားတဲ့ အရေးယူမှုတွေ စုပေါင်းဆောင်ရွက်ကြဖို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက နိုင်ငံတကာအသိုင်းအဝိုင်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။
2019-02-10
ပဲခူးတိုင်း ပြည်မြို့နယ်ထဲက တောင်နဝင်းဆည် အက်နေတာနဲ့ပတ်သက်လို့ ဒေသခံတွေ ထိတ်လန့် တကြား ဖြစ်နေပြီး၊ ဌာနဆိုင်ရာ အရာရှိတစ်ဦး ကတော့ မစိုးရိမ်ဖို့ အကြံပေးပါတယ်။ ဆည်နဲ့ ပတ်သက်လို့ ဂျပန်ပညာရှင်တွေလည်း စစ်ဆေး နေပြီး၊ အခု မိုးရာသီ မရောက်ခင် ကောင်းအောင် ပြုပြင်မယ်လို့ သိရပါတယ်။ ပဲခူးတိုင်းအစိုးရကတော့ ပြည်သူတွေ စိတ်အေးအောင် ထုတ်ပြန်ပြောဆိုတာ အားနည်းတယ်လို့ ဝေဖန်နေကြပါတယ်။
2019-02-10
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ဒေသခံ ၂၀၀ ခန့်နဲ့ပတ်သက်ပြီး RFA သတင်းထောက် မဝေမာထွန်း က တင်ပြထားပါတယ်။
2019-02-09
၂ဝ၁၉ ဖေဖော်ဝါရီလ ၉ ရက်နေ့ စနေစကားဝိုင်း အစီအစဉ်မှာ " ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ တပ်မတော်အခန်းကဏ္ဍ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-02-09
ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ် အဖြေရှာအဆုံးသတ်ဖို့ အစိုးရမှာ တာဝန်ရှိပြီး ရခိုင်ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်နေပြီလို့ ရခိုင်ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒီနေ့ပြောလိုက်ပါတယ်။
2019-02-09
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့မှုနဲ့ ဖမ်းဆီးခံထားရတဲ့ သီပေါမြို့နယ် ဖက်နမ်ကျေးရွာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို SSPP အဖွဲ့က မနေ့ညနေက ပြန်လွှတ်ပေးလိုက်ပါတယ်။
2019-02-09
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကရင်နီပြည် လူငယ်အင်အားစုတွေက လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ လွှတ်တော်ဟစ်တိုင်ကနေ ဆက်လက်ကန့်ကွက်သွားမယ်လို့ သိရပါတယ်။
2019-02-09
ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေမှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေကြောင့် စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရတဲ့ ဒုက္ခသည် ၇၀၀၀ ကျော် ရှိနေပြီလို့ စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက ဒီနေ့ပြောလိုက်ပါတယ်။
2019-02-09
ရက္ခိုင့်တပ်မတော် AA ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ သတင်းပေးနေသူတွေကို ရခိုင်တစ်မျိုးသားလုံးရဲ့ ရန်သူအဖြစ် သတ်မှတ်ကြောင်း ကြေညာချက် နဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့်တာတွေ ရပ်တန့်ဖို့ ရဲတပ်ဖွဲ့ဝင်တွေကို သတိပေးတဲ့ ကြေညာချက်တွေကို AA က ထုတ်ပြန်လိုက်ပါတယ်။