သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-13
အရှေ့အလယ်ပိုင်း ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံ တက်ရောက်ပြီး မြန်မာနိုင်ငံကို ဒီကနေ့ ပြန်လည်ရောက်ရှိလာတဲ့ သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရကို မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်လျှောက်ထား တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2013-12-13
မြောက်ကိုးရီးယားခေါင်းဆောင် ကမ်ဂျုံးအန်က သူ့ရဲ့ဦးလေး ချန်စွန်တက်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ကြာသပတေးနေ့က သေဒဏ်ပေး ကွက်မျက်လိုက်တဲ့အတွက် ကမ္ဘာတဝှမ်း သတင်းထူးဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ အာဏာရှင်နိုင်ငံတွေရဲ့ သမိုင်းကိုကြည့်ရင် ဘာမှ အံ့သြစရာ မဟုတ်ပါဘူးလို့ ဝေဖန်ပြောကြားသူတွေလည်း ရှိပါတယ်။ မြန်မာပြည်မှာကော ဘယ်လိုအဖြစ်အပျက်တွေ ရှိခဲ့ပါသလဲ။ ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2013-12-13
စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်က အမှတ် ၂၄ လမ်းမကြီးကို မြေစာရင်းဌာနက ခြံခတ်လိုက်တာကြောင့် ရွှေမင်းဝံ ရပ်ကွက်သူရပ်ကွက်သား ၁၀၀ လောက်က အများပြည်သူ သုံးလမ်းကို ခြံခတ်တာကန့်ကွက်ကြောင်း ဒီကနေ့ ဆန္ဒပြ ခဲ့ကြပါတယ်။
2013-12-13
ရခိုင်ပြည်နယ်က ဒေသခံ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ မိမိတို့ရဲ့ အခမဲ့ လူမှုရေးအကူအညီတွေကို ထိထိရောက်ရောက် အသုံးချစေချင်လိုကြောင်း MSF ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အရေးပေါ်စီမံကိန်းတာဝန်ခံ Mr. Simon Tyler က မေတ္တာ ရပ်ခံလိုက်ပါတယ်။
2013-12-13
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းမှာ အကြမ်းဖက်ခံခဲ့ရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလက ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ရာမှာ ပါဝင်ခဲ့တဲ့ အတွက် ကိုဒီငြိမ်းလင်းကို ဒီကနေ့ ဒဂုံမြို့နယ်ရဲစခန်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။
2013-12-13
ပေါင်းတည်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ မိတ္ထီလာ ပြည်သူ့အကျိူးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေး အပါအဝင် ဒေါ်ခင်မိမိခိုင်နဲ့ ကိုသန့်ဇင်ထက်တို့ဟာ ဒီကနေ့ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေကြပါတယ်၊
2013-12-13
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ၂၆ ရက်နေ့က စတင်ထုတ်ဝေခဲ့တဲ့ သူရိယနေဝန်းဂျာနယ်ပါ အရေးအသားတွေဟာ ပုဂ္ဂိုလ်ရေးထိုးနှက်တိုက်ခိုက်မှုတွေ၊ လက်ရှိအစိုးရကို ထိခိုက်စေတဲ့ ရေးသားဖော်ပြချက်တွေ ပါရှိတဲ့အတွက် ဖတ်ရှုသုံးသပ်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်ပေး ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ)ကို မနေ့က အကြောင်းကြားစာ ပို့လိုက်ပါတယ်။
2013-12-13
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော် SEA Games ပြိုင်ပွဲဝင်နေတဲ့ မြန်မာ အားကစားသမားတွေအနေနဲ့ ပြိုင်ပွဲတွေမှာ စိတ်ဓာတ်ကိုအားကိုးပြီး ယှဉ်ပြိုင်ကြဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2013-12-13
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်က "ဂရိတ်ဝေါ" ဖိနပ်စက်ရုံ အလုပ်သမားတွေ လုပ်ခလစာတိုးမြှင့်ပေးဖို့ ဆန္ဒပြနေကြတာ ဒီကနေ့ဆိုရင် ၆ ရက် ရှိသွားပြီဖြစ်ပါတယ်။ တချိန်တည်းမှာပဲ လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုန်မှာရှိတဲ့ "မြန်မာစိုးစံဝင်း" ဖိနပ်စက်ရုံက ဆန္ဒပြအလုပ်သမားတွေဟာ အလုပ်ရှင်နဲ့ ညှိနှိုင်းတာပြေလည်တဲ့အတွက် ဆန္ဒပြတာကို ရပ်ဆိုင်းလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-12-13
နိုင်ငံတကာမှာ စားသုံးသူတွေရဲ့ကျန်းမာရေးအတွက် ဓာတုဆေးပစ္စည်း မသုံးဘဲ "အော်ဂဲနစ်" လို့ ခေါ်တဲ့ သဘာဝ မြေဆီမြေဆွေးကိုသာ အသုံးပြုတဲ့ အသီးအနှံ စိုက်ပျိုးရောင်းချမှု များလာနေသလို မြန်မာနိုင်ငံမှာလည်း "အော်ဂဲနစ်" စိုက်ပျိုးမှု ခေတ်စားလာနေပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-12-13
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ပူးတွဲပြီး နိုင်ငံတကာအဆင့်မီ ရဲတပ်ဖွဲ့ရဲ့ ဝတ္တရားတွေနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြုလုပ်နေပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2013-12-13
အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ ကယန်းပြည်သစ်ပါတီ အခြေစိုက်ရာ ဆီးဘူးမြို့ဟာ ၁၉၉၄ ခုနှစ်နောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ မြို့တစ်မြို့ဖြစ်ပြီး ဒေသခံတွေအနေနဲ့ မြို့ကို ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ မျှော်လင့်နေကြပါတယ်။ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။
2013-12-13
မြန်မာနိုင်ငံမှာ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ RFA ဝိုင်းတော်သား ဦးဘအောင်က တင်ပြထားပါတယ်။
2013-12-12
ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ညပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။
2013-12-12
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ အောက်ကန်စွန်းတောရွာမှာ ခွင့်ပြုချက်မရဘဲ ဟောပြောပွဲ ကျင်းပခဲ့တာကြောင့် ပန်းတနော်မြို့နယ် ရဲစခန်းက ပုဒ်မ၁၈ တရားမဝင် စီတန်းလှည့်လည်မှုနဲ့ ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။