သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-15
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၈ ပါ စုဝေးဆန္ဒဖော်ထုတ်ခွင့်ကို အုပ်ချုပ်ရေးမှူးတွေဆီ ခွင့်ပြုချက်တောင်းရမယ်ဆိုတဲ့ အချက်ပယ်ဖျက်ရေးကို သမ္မတဆီ တင်ပြတောင်းဆိုဖို့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်အသီးသီးမှာ ပြည်သူတွေရဲ့ သဘောထားဆန္ဒ ကောက်ခံနေကြပါတယ်။
2013-12-15
မြန်မာနိုင်ငံမှာ ဂျပန် ကုမ္ပဏီတွေ ထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး သဘောတူညီချက် တစ်ရပ်ကို နှစ်ဘက် ခေါင်းဆောင်တွေက ဒီနေ့ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
2013-12-14
ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ဒီကနေ့ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ-ထိုင်း ဘောလုံးပွဲစဉ်အပါအဝင် လက်ရှိကျင်းပနေဆဲ အရှေ့တောင်အာရှ အားကစားပွဲတော်မှာ မြန်မာနိုင်ငံကိုယ်စားပြု ဘောလုံးအသင်း အနိုင်ရရှိရေး အလားအလာတွေနဲ့ ပတ်သက်လို့ အားကစားဂျာနယ် အယ်ဒီတာ ဦးဇော်သက်ထွေးကို RFA အဖွဲ့သားကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
2013-12-14
တက္ကသိုလ်ဆရာ၊ ဆရာမတွေ ရဲ့ နေရေးထိုင်ရေးနဲ့ ပတ်သက်လို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို မကျေနပ်တဲ့အတွက် တက္ကသိုလ် ၆ ခုကို ကိုယ်စားပြုပြီး ဖွဲ့စည်းထားတဲ့ တက္ကသိုလ် ဆရာဆရာမများအသင်းက မနေ့က အရေးပေါ် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2013-12-14
ဒီနေ့ည ၆ နာရီခွဲ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ယှဉ်ပြိုင်ကြမယ့် မြန်မာ နဲ့ ထိုင်းအသင်း ဘောလုံးပွဲကြည့် ဝင်ခွင့် လက်မှတ်တွေဟာ မှောင်ခိုဈေးကွက်မှာ ၁၀ ဆနီးပါး ဈေး တက်သွားတယ်လို့ ပွဲကြည့်သူတွေက ပြောပါတယ်။
2013-12-14
ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် သျှမ်းသံတော်ဆင့် ရှမ်းတိုင်းရင်းသား သတင်းဌာနဟာ သျှမ်းသံတော်ဆင့် ဂျာနယ်ကို ပထမဦးဆုံးအကြိမ်အဖြစ် ရှမ်းပြည်တောင် ပိုင်း တောင်ကြီးမြို့မှာ ဒီကနေ့မှာ စတင်ထုတ်ဝေ ဖြန့်ချီ လိုက်တယ်လို့ သိရပါတယ်။
2013-12-14
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်အောက် ရပ်ကွက်မှာ ရေဆိုးမြောင်းထဲမှာ မနေ့ညက လက်လုပ်မိုင်း လို့ယူဆရတဲ့ မိုင်း ၃ လုံးတွေ့ရှိခဲ့ပြီး အဲဒီမိုင်းတွေကို ဒီကနေ့ မနက်ပိုင်းမှာ အာဏာပိုင်တွေက ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။
2013-12-14
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူတွေနဲ့ တပ်မတော်အကြား စိတ်ဝမ်းကွဲအောင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်နေတဲ့အတွက် အမျိုးသား ရင်ကြားစေ့ရေးကို ထိခိုက်စေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2013-12-14
အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ထိန်းချုပ် နယ်မြေဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ်က လွယ်တိုင်းလျှန်း ဒုက္ခသည်စခန်းအကြောင်း RFA သတင်းထောက် ကိုကျော်မျိုးထွန်းက စုစည်းတင်ပြထားပါတယ်။
2013-12-14
ထိုင်းနိုင်ငံဘက်ခြမ်းမှာ သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံက ပဒေါင်တိုင်းရင်းသား လူငယ်တွေ များလာတဲ့အတွက် အခုအခါမှာ ကယားပြည်နယ် ဒီမောဆိုမြို့နယ်က ပဒေါင်ကျေးရွာတွေမှာ လူငယ်တွေ မရှိသလောက် နည်းပါးနေပါတယ်။ ဒီမောဆိုမြို့နယ်က ပဒေါင်ကျေးရွာတွေကို သွားရောက်လေ့လာခဲ့တဲ့ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။
2013-12-14
ပျဉ်းမနားမြို့နယ် အိုးဘိုတိုက်ကျေးရွာမှာ ဘိုးစဉ်ဘောင်ဆက်ကတည်းက အဓိက အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်လာကြတဲ့ အိုးလုပ်ငန်းဟာ အခုအချိန်မှာ တိမ်ကောစပြုနေပြီဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
2013-12-14
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ကျင်းပနေ တဲ့ အရှေ့တောင်အာရှ အားကစားပွဲတော်က မြင်းစီးပြိုင်ပွဲကို တက်ရောက်အားပေးခဲ့ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ မြင်းစီးအလှ ပြိုင်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့အလှမြင်းလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-12-14
အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။
2013-12-13
ဟောင်ကောင်မှာရှိတဲ့ အလုပ်သမားအေဂျင်စီတွေက မြန်မာနိုင်ငံက အိမ်ဖော်တွေကို တရားဝင် ခေါ်ယူခွင့် လိုင်စင်ရဖို့ ကြိုးစားနေတဲ့အတွက် မြန်မာနိုင်ငံဟာ ဟောင်ကောင် အိမ်ဖော်လိုအပ်အတွက် နောက်ထပ်ဈေးကွက် တစ်ခု ဖြစ်လာလိမ့်မယ်လို့ ဒီကနေ့ ဟောင်ကောင်ထုတ် South China Morning Post သတင်းစာက ရေးသားလိုက် ပါတယ်။
2013-12-13
မြန်မာနိုင်ငံမှာ သတင်းစာပညာ သင်တန်းကျောင်းတစ်ခုကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီး (ယူနက်စကို)နဲ့ ပူးပေါင်းပြီးဖွင့်လှစ်ဖို့ မြန်မာနဲ့ ပြင်သစ် အစိုးရတို့ သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း ယူနက်စကိုက သတင်းထုတ်ပြန်လိုက်ပါတယ်။