ထိုင်း-မြန်မာ ဘောလုံးပွဲလက်မှတ် ၁၀ ဆနီးပါး ခုန်တက်


2013.12.14
myanmar-football-audience-305.jpg ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ကကျင်းပတဲ့ မြန်မာနဲ့ ထိုင်း ဘောလုံးပွဲကို အားပေးနေသော မြန်မာပရိသတ်တစ်ဦး
photo: RFA/ Kyaw Zaw Win

ရိုးရိုးတန်း လက်မှတ်တစ်စောင်ကို ကျပ် နှစ်ထောင်ကနေ တစ်သောင်းခွဲနီးပါးနဲ့ အထူးတန်း ကျပ် ၄၀၀၀ တန်ကို ကျပ် ၃၀၀၀၀ ကျော်ထိ ဈေးပေါက်နေကြောင်း သိရပါတယ်။

လက်မှတ်တစ်စောင်ကို ကျပ်သုံးသောင်းကျော်ပေးဝယ်ခဲ့ရတဲ့ ဘောလုံးပွဲကြည့်သူတစ်ဦးက အခုလို ပြောပါတယ်။

“လုံးဝလက်မှတ်က ဝယ်လို့ကိုမရဘူး၊ ဝယ်လို့မရတဲ့အပြင် အခုဟာက မှောင်ခိုလက်မှတ်တွေပဲ အပြင်မှာရောင်းနေတယ်၊ မှောင်ခိုလက်မှတ်က ကျနော်တို့ ပုံမှန်ဝယ်ရတဲ့လက်မှတ် ၂ဝဝဝ ကို ၁၅ဝဝဝ နဲ့ရောင်းတယ်၊ နောက်အထူးတန်းလက်မှတ် ၄ဝဝဝ တန် လက်မှတ်ကို ၃ဝဝဝဝ နဲ့ရောင်းတယ်၊ ကျနော်တို့က ဘယ်နေရာကနေသွားပြီး ကြည့်ရမှာလဲ”

မြန်မာအသင်း ယှဉ်ပြိုင်ကစားနေတဲ့ အုပ်စု (ခ) မှာ မနေ့ကအထိ ထိုင်းနဲ့ မြန်မာအသင်းတို့ ၆ မှတ်စီ တူပေမယ့် ထိုင်းအသင်းက ရဂိုးအသာဖြစ်နေတာကြောင့် ပထမ၊ မြန်မာအသင်းက ဒုတိယနဲ့ အင်ဒိုနီးရှားအသင်းက ၄ မှတ်နဲ့ တတိယနေရာက ရပ်တည်နေပါတယ်။

ဒီနေ့ညနေအထိ ဆီးဂိမ်းပြိုင်ပွဲရလဒ်မှာ မြန်မာနိုင်ငံက ရွှေတံဆိပ် ၃၀ခုနဲ့ ပထမနေရာမှာ ရပ်တည်နေပြီး   အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့ ရွှေတံဆိပ် ၂၇ ခုစီ ဒုတိယနဲ့ တတိယနေရာနဲ့ ရပ်တည်နေတယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာဘောလုံးပွဲ ပထမပိုင်းအခြေအနေနဲ့ ပတ်သက်လို့ သုဝဏ္ဏအားကစားကွင်းမှာ သတင်းရယူနေတဲ့ RFA သတင်းထောက် ကိုကျော်ဇောဝင်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီအတောအတွင်း ဆီးဂိမ်းမှာ သတင်းယူကြမယ့် သတင်းထောက်တွေ ဖွင့်ပွဲမှာလို အခက်အခဲမျိုးတွေ ပိတ်ပွဲမှာ မကြုံရလေအောင် သတင်းသမားတွေအတွက် လက်မှတ်စောင်ရေ ပိုမိုစီစဉ်ပေးထားတယ်လို့ အစိုးရပြန်ကြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ဒီကနေ့ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ-ထိုင်း ဘောလုံးပွဲစဉ်အပါအဝင် လက်ရှိကျင်းပနေဆဲ အရှေ့တောင်အာရှ အားကစားပွဲတော်မှာ မြန်မာနိုင်ငံကိုယ်စားပြု ဘောလုံးအသင်း အနိုင်ရရှိရေး အလားအလာတွေနဲ့ ပတ်သက်လို့ အားကစားဂျာနယ် အယ်ဒီတာ ဦးဇော်သက်ထွေးကို RFA အဖွဲ့သားကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။